ခမ်းသားငေါဝ်း
ဩဂုတ် ၂၆၊ ၂၀၂၄

နောင်ချိုမြို့နယ်တွင် စစ်အင်အားဖြည့်တင်းနေသော စစ်ကောင်စီနှင့် တိုက်ပွဲဆက်လက်ဖြစ် ပွားနေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ်လ (၂၅)ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နေချိုမြို့တွင် ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးအပိုင်း(၂)၊ (၆၂) ရက်မြောက် စစ်ရေးသတင်းထုတ်ပြန်ချက်အဖြစ် တအာင်းပြည် တပ်မဟာ (၂)၊ နယ်မြေ နောင်ချိုမြို့နယ် မကျီးရေကျေးရွာတွင် စစ်တပ်၏ (၆၀၄) တပ်စခန်းနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

ဩဂုတ်လ ၂၅ ရက် ညနေပိုင်း ၄ နာရီကျော်တွင် စစ်တပ်၏ (၆၀၄) တပ်စခန်း ၊ မွန်းလွဲ ၁ နာရီခန့်တွင် တောင်ခမ်းကျေးရွာနှင့် မွန်းလွဲ ၂ နာရီတွင် မကျီးရေကျေးရွာတွင် ရှိသော စစ်ကောင်စီတပ်၏ (ခမရ -၃၅၂)တပ်စခန်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့‌ေကြာင်း TNLA က ဆိုသည်။

တောင်ခမ်းရွာနှင့် မကျီးရေရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က Y12 ဖြင့် (၃)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြိုနယ် အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ် ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#စစ်ပွဲ
#နောင်ချိုမြို့
#TNLA
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
#တိုက်ပွဲဆက်လက်ဖြစ်ပွား
#ကျောက်ဂူ

Leave a Reply

Your email address will not be published. Required fields are marked *