The People’s Voice – ခမ်းသားငေါဝ်း

Fact-check
သတင်းအမှား ဖြန့်ဝေသူ – PA-O Pay Facebook page

အကြောင်းအရာ – ဆီဆိုင်မြို့နယ်၊ လွယ်သောဝ်ကျေးရွာတွင် စစ်ကောင်စီတပ်၊ လက်အောက်ခံ PNO တို့နှင့် PNLA ၊ PNDF-KK နှင့်မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း အပြီးတွင် ရွာသူရွာသား ဒေသခံများ၏ ဆန်များ ကို သယ်ပြန်သွားသည်ဟု ပုံနှင့်တကွ အွန်းလိုင်းပေါ်၌ စစ်ကောင်စီနှင့် PNO ကို ထောက်ခံသည့် လော်ဘီ ဖေ့ဘွတ် အကောင့်မှ ဝါဒဖြန့် သတင်းမှားတင်ထားပါသည်။ ဤသတင်းကို PA-O Pay PA-O Pay facebook အကောင့်ကနေ သြဂုတ်လ ၂၆ ရက်နေ့တွင် စတင်ဖြန့်ဝေထားပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးချိန်၌ နှစ်သက်မူ – ၂၈၀၊ ပြန်လည်မျှဝေသူ- ၁၄၊ ကောမန့် ပေးသူ- ၃၀ ရှိနေပြီး ဖြစ်ပါသည်။

ထိုပုံကို PNDF အဖွဲ့မှ အစောဆုံးတင်ထားခြင်းဖြစ်ပြီး အမှတ်- ၁၀၁၁ (PNDF) တပ်ဖွဲ့မှ ပြုလုပ်ထားတဲ့ “ရိက္ခာပေးလှူ ထောက်ပို့ကူ’ ပရောဂျက်အစီအစဥ်၌ မိဘပြည်သူများထောက်ပို့ ပူးပေါင်း ပါဝင်လှူဒါန်းထားသည့် ၁၆% ကို လက်ခံရရှိကြောင်း အားတက်သရောဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် အဖွဲ့၏ logo ဖြင့် တင်ပြထားပါသည်။ အမှတ်- ၁၀၁၁ (PNDF) သည် NUG လက်အောက်ခံ တပ်ဖွဲ့ဖြစ်သည်။

အောက်က လင့်တွင် သွားရောက် ကြည့်နိုင်ပါသည်။
https://www.facebook.com/share/p/VasRFxZTDodwqZYj/?mibextid=WC7FNe

ဒုတိယ ပုံတွင်လည်း ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြည်သူတွေ ထောက်ပို့ပရောဂျက်တွင် ပါဝင်လှူဒါန်းရရှိသည့် ရိက္ခာများကို သယ်ဆောင်ရင်း လမ်းခရီးကြမ်းတမ်းသော်လည်း ပြည်သူ့နှင့်အတူ ရှိနေကြောင်းကို တင်ထားသည့် ပိုစ်ဖြစ်ပါသည်။ အောက်က လင့်တွင် ကြည့်နိုင်ပါသည်။
https://www.facebook.com/share/p/sHsCVUvprc5VyDm6/

ဤဓာတ်ပုံနှင့်ပတ်သက်ပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ ဓာတ်ပုံကို google Lens ဖြင့် စစ်ဆေးသည့်အခါတွင် အမှတ်- ၁၀၁၁ (PNDF) တပ်ဖွဲ့မှ “ရိက္ခာပေးလှူ ထောက်ပို့ကူ’ ပရောဂျက်အစီအစဥ်၏ တင်ထားသည့် ပုံအဟောင်း ပိုစ်နှစ်ခုကို ဖြတ်ညှပ်ကပ်လုပ်ပြီး ပိုစ်တခုတည်းဖြင့်ပြန်ယူတင်ကာ ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားသည့် သတင်းမှားဖြစ်သည်ကို စစ်ဆေးတွေ့ရှိ သွားပါသည်။

အမှတ်- ၁၀၁၁ (PNDF) တပ်ဖွဲ့သည် ဦးခွန်မြင့်ထွန်း တို့၏ PNFC နိုင်ငံရေးဦးဆောင်မှုအောက်က တပ်ဖွဲ့မဟုတ်ပါ။ ဦးခွန်မြင့်ထွန်းတို့၏ PNFC နိုင်ငံရေးဦးဆောင်မှုအောက်က တပ်ဖွဲ့သည် PNDF-KK တပ်ဖြစ်သည်။ အောက်က လင့်တွင် ကြည့်နိုင်ပါသည်။
https://www.facebook.com/PNDFKK/

လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း PNDF နှင့် KNDFတို့ ပြည်သူများရိက္ခာကို ပြန်လည်သယ်ယူသွားခြင်းမျိုးဖော်ပြထားခြင်း ရှာဖွေတွေ့ရှိခြင်းမရှိပါ။

ထို PA-O Pay facebook အကောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ပအိုဝ်းဒေသတွင် စစ်ရေးမငြိမ်မသက် ဖြစ်ချိန်ကာလအတွင်း Facebook လူမှုကွန်ယက်ပေါ်တွင် ဝါဒဖြန့် page၊ သတင်းတုသတင်းအမှား တင်သော page ပိုများလာကြောင်းကိုလည်း ခမ်းသားငေါဝ်းသတင်းဌါနမှ ဖော်ပြထားခဲ့ဖူးပါသည်။

https://www.facebook.com/share/p/G1yiigKSsBUALjcY/

သုံးသပ်ချက်

သတင်းအမှားက တင်ထားသောပုံသည် အမှတ်- ၁၀၁၁ (PNDF) အဖွဲမှ “ရိက္ခာပေးလှူ ထောက်ပို့ကူ’ ပရောဂျက်အစီအစဥ်၏ ပုံအဟောင်းကို ဖြတ်ညှပ်ကပ်ပြီး ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားသည့် သတင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိပါသည်။

သတင်းများကို ဓာတ်ပုံ၊ ဗီဒီယို တို့ပါဝင်တိုင်း သတင်းအချက်အလက်မှန်ကန်သည်ဟု အလွယ်တကူမယုံကြည်ဘဲ သတင်းအရင်းအမြစ်များစွာနှင့်တိုက်ဆိုင်စစ်ဆေးရန်အကြံပြုတိုက်တွန်းလိုက်ပါသည်။

သတင်းအမှားဟု သံသယရှိသည့် အကြောင်းအရာများကိုလည်း အချက်အလက်စစ်ဆေးသည့် အဖွဲ့အစည်း များထံ သို့ ပေးပို့ပြီး အကူအညီတောင်းခံနိုင်ပါသည်။

#factcheck
#khamsarngor

Leave a Reply

Your email address will not be published. Required fields are marked *