ခမ်းသားငေါဝ်း

ဩဂုတ် ၂၆၊ ၂၀၂၄

ကိုးကန့်တပ်မတော် MNDAA ထံသို့ ဗမာလူမျိုး ၁၃ ဦးက တပ်သားသစ် အဖြစ် ဝင်ရောက်ခဲ့ကြသည့်အတွက်ကြောင့် ထူးခြားသည့် တပ်သားသစ် ကြိုဆိုပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း MNDAA ကသတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီရဲ့ ဒုတိယအတွင်းရေးမှူး Mr. Li Xinhai နှင့် ဒေသခံ စစ်ဘက်နှင့်နိုင်ငံရေးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး၊ ရဲဘော် ၁၃ ဦးက စစ်ယူနီဖောင်းအသစ်များ၀တ်ဆင်ပြီး MNDAA တပ်မတော်ထံ တရားဝင်ပါဝင်ဖို့ အလံရှေ့တွင် လေးနက်စွာ ကတိသစ္စာပြုပြီးနောက် စစ်မှန်သည့်မဟာမိတ်စစ်သည် တစ်ဦးစီ ဖြစ်လာခဲ့ကြသည်ဟုဆိုသည်။

၂၀၁၅ ခုနှစ်တွင်လည်း ဗမာစစ်သုံ့ပန်းများနှင့်လက်နက်ချအလင်းဝင်သူများ၊ တိုင်းရင်းသားလူငယ်များက ဒီမိုကရေစီရေးနှင့် တော်လှန်ရေးအတွက် မြှုပ်နှံပြီး MNDAA ထံ တရားဝင် ဝင်ရောက်ခဲ့ကြကြောင်းနှင့် မတူညီသည့်ဘာသာစကား၊ ယဉ်ကျေးမှုနှင့်ဘာသာရေးယုံကြည်ချက်ရှိသော်လည်း အားလုံးက တူညီသည့်ပန်းတိုင်အတွက် ကြိုးစားအားထုတ်ကြသည်ဟု ဖော်ပြထားသည်။

ရည်မှန်းချက်ကြီးသည့်ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ်များသည်MNDAA တပ်မတော်၏ အရေးပါသည့်အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ရောင်စုံရိုးရာ ယဉ်ကျေးမှု များကို သယ်ဆောင်လာကြသလို မတူညီသည့်လူမျိုးစုများကြား စည်းလုံးညီညွတ်မှုစိတ်ဓာတ်နှင့် စစ်အစိုးရ၏ အာဏာရှင်စနစ် အုပ်ချုပ်မှုကို တွန်းလှန်ဖို့ သန္နိဋ္ဌာန်ကို ပြသခဲ့ကြောင်း MNDAA မှ သတင်း ထုတ်ပြန်ထားသည်။

#PPV0012
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကွတ်ခိုင်မြို့
#ကိုးကန့်တပ်မတော်
#MNDAA
#ဗမာလူမျိုး
#ထူးခြားသည့်

Leave a Reply

Your email address will not be published. Required fields are marked *