ခမ်းသားငေါဝ်း
သြဂုတ် ၂၆၊ ၂၀၂၄

ဆီဆိုင်မြို့နယ်၊တောင်ယာတောအတွင်း စစ်ဘေးရှောင်နေရသူများ စားနပ်ရိက္ခာ၊အမိုးအကာများ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော လွယ်ထွယ်ရွာမှ အိမ်ထောင်စု (၁၂၀)၊လူဦးရေ(၆၀၀)ကျော်သည် လက်ရှိတွင် တောင်ယာတောထဲ တဲထိုးပြီး အဆင်ပြေသလိုနေထိုင် စားသောက်နေရပြီး အခြေခံစားသောက်ကုန်၊ ဆန်၊ဆီ၊ဆားနှင့် အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။

“မိုးရွာရင် ပိုပြီး ဒုက္ခရောက်ကြတယ်။လိုအပ်ချက်တွေတော့ အများကြီးပေါ့။ကိုယ်တိုင်သွားနိုင်သူများ သွားရောက်ကူညီပေးစေချင်တယ်”ဟု စစ်ဘေးရှောင်ကူညီပေးသူက ပြောသည်။

ထို့အပြင်ဆီဆိုင်မြို့နယ် အရှေ့ဘက် ထီရီး၊ မီးရယ်ရွာဘက်တွင်လည်း လက်ရှိ ချိန်ထိနေရပ်မပြန်နိုင်သေးဘဲ အကူညီများလိုအပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့တွင် စစ်ကောင်စီက PNLA ဌာနချုပ် ရှိရာငို့လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားပြီး ဒေသခံများ ထောင်ချီတောတောင်ထဲ တိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်အများစုသည် အလှူရှင်အဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် အရေးပေါ် စားနပ်ရိက္ခာ၊အမိုးအကာများ လိုအပ်နေသောကြောင့် အလှူရှင်များ ကူညီပေးကြရန် PNLA က တောင်းဆိုထားကြောင်း သိရသည်။

photo local

#PPV0011
#စစ်ရှောင်
#Humanright
#ဆီဆိုင်
#စားနပ်ရိက္ခာ

Leave a Reply

Your email address will not be published. Required fields are marked *