ခမ်းသားငေါဝ်း
ဩဂုတ် ၂၅၊ ၂၀၂၄
သီပေါမြို့တွင် စစ်ကောင်စီက ပြည်သူများအား ဦးတည်ကာ ဩဂုတ်လ ၂၄ ရက်နေ့၌ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ၊တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် ပြည်သူများအား ဦးတည်ကာ စစ်ကောင်စီကလက်နက်ကြီး(၆)လုံးပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရပြီး သီပေါမြို့ရွှေကျောင်းရပ်ကွက်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ခြင်းကြောင့် အသက်(၆၀)ကျော်အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ဒဏ်ရာနှင့် ပွဲချင်းသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် အသက် (၅၀)ကျော် အရွယ် အဖွားအို (၁)ဦးနှင့် အသက် (၆၀)ကျော်အရွယ် အဖိုးအို (၁)ဦး ဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီး အဆိုပါ ရွှေကျောင်းအနောက်ဘက်ရှိ အမျိုးသမီး (၁)ဦးလည်း ထိမှန်ဒဏ်ရာရရှိသေည်လည်း စိုးရိမ်မှုမရှိကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။
သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၇)ဦး သေဆုံးပြီး (၅၇)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA ထုတ်ပြန်ချက်တွင်ဆိုထားသည်။
𝙋𝙋𝙑009
ဓာတ်ပုံ-အွန်လိုင်း
#မှုခင်း
#ပြည်သူများအားဦးတည်
#လက်နက်ကြီးပစ်ခတ်ခြင်း
#သီပေါ
#PSLF
#TNLA