ခမ်းသားငေါဝ်း

ဩဂုတ် ၂၄၊ ၂၀၂၄

အခြေခံစစ်သင်တန်းပညာသည် ကိုယ့်ကိုယ်အတွက်၊ ရွာအတွက်၊ ဒေသအတွက်၊ (စန္တာခမ်း)နောင်တရားဒေသတွက်ပဲမဟုတ် အထူးဒေသ ၆ တွင်ရှိသည့် နယ်မြေ အားလုံးတွက်ဖြစ်ကြောင်း PNO ပြည်သူ့စစ် စန္တားခမ်း ဒုဗိုလ်မူးကြီးဖြားခွန်ဒေဝက ဩဂုတ် ၂၁ ရက် နောင်တရားဒေသ အခြေခံစစ်ပညာသင်တန်းဆင်းပွဲတွင် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းအမှတ်စဉ် ၁ သင်တန်းဆင်းပွဲတွင် PNO ပြည်သူ့စစ် စန္တားခမ်း ဒုဗိုလ်မူးကြီးဖြားခွန်ဒေဝက မိန့်ခွန်းပြောကြားစဉ် အခြေခံစစ်သင်တန်းပညာသည် ကိုယ့်ကိုယ်အတွက်၊ ရွာအတွက်၊ ဒေသအတွက်၊ (စန္တာခမ်း)နောင်တရားဒေသတွက်ပဲမဟုတ် အထူးဒေသ ၆ တွင်ရှိသည့် နယ်မြေ အားလုံးတွက်ဖြစ်ကြောင်း ဆိုထားသည်။

“အခြေခံစစ်သင်တန်းမှာ တက်မြောက်ထားတဲ့ ပစ်နည်း၊ ဖြုတ်တပ်နည်း နဲနဲလေးတွေကို သားတို့မြေးတို့သင်ယူထားတာတွေကို မမေ့ကြပါနဲ့ သေချာမှတ်ထားကြပါ အခြေခံသင်တန်းကနေတက်မြောက်ထားတာတွေ ဘာလုပ်ဖို့လဲဆိုတော့ ကိုယ့်ကိုယ်အတွက်၊ ရွာအတွက်၊ ဒေသအတွက်မဟုတ်ဘူး ဘာလုပ်ဖို့လဲဆိုတော့ ကျွန်တော်တို့(စန္တာခမ်း) နောင်တရားဒေသတွက်ပဲမဟုတ်ဘူး ကျွန်တော်တို့အမျိုးသားတစ်ခုလုံးဖြစ်တဲ့ အထူးဒေသ ၆ မှာရှိတဲ့ နယ်မြေ နယ်စပ်တွေအားလုံးတည်ရှိနိုင်ဖို့ ကာကွယ်နိုင်ဖို့” ဟု မိန့်ခွန်းပြောကြားခဲ့သည်။

ကိုယ့်တစ်ယောက်ထဲ အကျိုးစီးပွားတွက်မဟုတ်ကြောင်း ပအိုဝ်းတမျိုးလုံးရဲ့အကျိုးစီးပွားဖြစ်သည့်အတွက် သင်ယူထားသည့် စစ်ရေးအခြေခံသင်တန်းကို စိတ်ဓာတ်ပြည့်ပြည့်ဝဝမွေးမြူကြရန်၊ အာဇာနည်စိတ်ဓာတ်မွေးကြရန် ၎င်းကဆက်ပြောသည်။

“လက်နက်ကိုင်ပြီသေနတ်ကိုင်ပြီဆိုရင် သေနတ်သမားကလာမယ် ဓားကိုင်ရင် ဓားသမားကငါတို့ကိုလာထိုးနိုင်တယ် ဒါကြောင့် သူငယ်ချင်းကောင်းတို့အမြဲသတိရဖို့က ငါတို့လက်နက်ကိုင်ပြီဆိုရင် ဒီလက်နက်ကဘယ်သူ့အတွက်လဲ ဒါကိုမေးဖို့လိုတယ် ဒါကကျွန်တော်တို့ ပအိုဝ်းတစ်မျိုးသားလုံးအတွက်ဖြစ်တဲ့အတွက်ကြောင့် ဒါကိုသတိရဖို့လိုတယ် လက်နက်ကိုင်ပြီဆိုတော့ ဒီလက်နက်ကြောင့်ကိုယ့်အမျိုးသားရေး အန္တရယ်မဖြစ်စေဖို့အမျိုးသားရဲ့ရန်သူမဖြစ်စေဖို့ မိဘပြည်သူလူရဲ့ အန္တရယ်၊ ဆူးခလုတ်မဖြစ်စေဖို့ အားလုံးသတိရဖို့လိုပါတယ်။” ဟု၎င်းကပြောထားသည်။

PNO/PNA ပြည်သူ့စစ်သည် ၁၉၉၁ ခုနှစ်တွင် တပ်မတော်နှင့် ငြိမ်းယူခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေ ၆ အဖြစ် အုပ်ချုပ်ခဲ့ပြီး ငြိမ်းချမ်းရေးယူခဲ့သည့် PNA ကို PNO အသွင်ပြောင်းပြည်သူစစ်ဟု ပြောင်းလဲ့ခဲ့ပြီး စစ်တပ်လက်အောက်ခံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ PNO ပြည်သူ့စစ်အုပ်ချုပ်နေသည့် နယ်မြေများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသလှုံခြုံရေးအတွက် ပအိုဝ်းလူငယ်များအား PNO ပြည်သူ့စစ်က အတင်းအဓမ္မစစ်သားစုဆောင်းကာ ငါးရက်သင်တန်းပေးခဲ့ပြီးဩဂုတ် ၂၁ ရက်တွင် အင်အားတစ်သောင်းဖြင့် စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

PPV001
#ပင်လောင်းမြို့နယ်
#နောင်တရားမြို့
#အခြေံခံစစ်သင်တန်းဆင်းပွဲ
#စန္တားခမ်း
#ဒုဗိုလ်မူးကြီးဖြားခွန်ဒေဝ
#မိန့်ခွန်း

Leave a Reply

Your email address will not be published. Required fields are marked *