ခမ်းသားငေါဝ်း
သြဂုတ် ၂၄၊ ၂၀၂၄

ကျောက်နီတိုက်နယ် ရှိကျေးရွာများတွင် စစ်မှုထမ်းအတွက်နှင့် RCSS ဆက်​ကြေးအတွက် ငွေကောက်ခံမှုကြောင့် ဒေသခံအခက်ခဲဖြစ်နေရကြောင်း ဒေသခံကပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ‌ကေျာက်နီတိုက်နယ်အတွင်းရှိကျေးရွာများတွင် စစ်မှုထမ်းလူငှားရန်အတွက် တစ်အိမ် ၅ သောင်းနှုန်းနှင့် RCSS ဆက်ကြေးအတွက်တစ်အိမ် တစ်သောင်း ငွေကြေးကောက်ခံနေကြောင်းသိရသည်။

“ကျောက်နီတိုက်နယ်ကအကုန်ထည့်ပေးရတယ် အခုကငွေကြေး အရမ်းကြပ်တဲ့ကာလလေ ဒါပေမယ့် ထည့်ပေးရတာပဲ”ဟု ဒေသခံ တစ်ဦး ကခမ်းသားငေါဝ်သကိုပြောသည်။

ဒေသခံအမျိုးသားတစ်ဦးကလည်း” ပြည်သူအများစုကမတတ်နိုင်ဘူး လျှော့ထည့်ဖို့ပြောတာကို အုပ်ချုပ်ရေးမှူးကလက်မခံဘူး၊ စစ်မှုထမ်းတစ်ဦးကို သိန်း ၉၀ ပေးရတယ်၊ ပိုတဲ့ငွေကဘယ်မှာထားလဲမသိဘူး”ဟုပြောသည်။

ယခုချိန်တွင် ကုန်ဈေးနှုန်းမြင့်မားပြီး အရာရာတိုင်းခက်ခဲနေသည့်အချိန်ဖြစ်သည့်အတွက် ‌ငွေကြေးကောက်ခံခြင်းသာမက စစ်မှုထမ်းကောက်ခံသည့်ငွေကြေးများသည်လည်းတစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုများပြားလာ၍ မတတ်နိုင်ကြတော့ဘူးဟူးဒေသခံများက ငြီးတွားလာကြသည်။

#ppv002
#ကျောက်နီ
#Humanright
#Taunggyi
#စစ်မှုထမ်း

Leave a Reply

Your email address will not be published. Required fields are marked *