ခမ်းသားငေါဝ်း
သြဂုတ် ၂၄၊ ၂၀၂၄

ဒီမောဆို အနောက်ဖက်ခြမ်းတွင် mobile banking ဝန်ဆောင်ခများ ၁၀ ရာခိုင်းနှုန်းမှ ၂ ရာခိုင်နှုန်းအထိပြန်လည်ကျဆင်းပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီ(ကယား) ပြည်နယ်၊ ဒီမောဆို အနောက်ဖက်ခြမ်းတွင် mobile banking များဖြစ်သည့် Kpay၊ Wave Pay ထုတ်ယူမှုဝန်ဆောင်ခများ ဇူလိုင်လတွင် ၁၀ ရာနှုန်းကျော်ရှိခဲ့ရာ ယခု ၂ ရာခိုင်နှုန်းအထိကျဆင်းလာသည်။

” အရင်လကဆို ၁၀ ရာခိုင်နှုန်းထိပေးရတာ၊ တချို့နေရာတွေဆို ၁၃ ရာခိုင်နှုန်းထိပေးရတာ၊ ငွေတောင်မထုတ်ရဲဘူး တော်တော်ဒုက္ခ ရောက်ခဲ့တယ်၊ အခုတော့ ၂ ရာခိုင်နှုန်းပဲ ပေးရတော့တယ်” လို့ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

mobile banking ဝန်ဆောင်ခများပြန်လည် ကျဆင်းလာခြင်းကြောင့် စစ်ရှောင်များအတွက် ပိုအဆင်ပြေလာကြောင်းသိရသည်။

စစ်ရှောင်တစ်ဦးကလည်း” အဒေါ်တို့က နိုင်ငံခြားကသားသမီးတွေ ပို့လာတဲ့ပိုက်ဆံကိုပဲသုံးနေရတာ၊ စားသောက်နေရတာပေါ့၊ အရင်က ၁၀ ရာခိုင်နှုန်းဆို အရမ်းဒုက္ခရောက်ခဲ့တာ၊ ပိုက်ဆံလိုလို့ ပိုက်ဆံထုတ်ရင် အများကြီး ပေးရတော့ တခြားနေရာ သုံးဖို့အတွက် မကျန်ဘူးလေနော်၊ အခုလို ရာခိုင်နှုန်းပိုနဲသွားတော့ သုံးဖို့အတွက်ပိုကျန်တာပေါ့” ဟု ဆိုသည်။

ကရင်နီပြည်ရှိစစ်ဘေးရှောင်အများစု ကိုယ်ပိုင်ဝင်ငွေရရှိနိုင်ဖို့ အလုပ်အကိုင်ရှားပါးနေပြီး Kpay၊ Wave Pay ဖြင့် အဝေးက မိသားစု ဝင်များပို့လာပေးသော ပိုက်ဆံဖြင့်သာ နေထိုင်စားသောက်နေကြရကြောင်း သိရသည်။

#PPV 003
#အွန်လိုင်း
#banking
#kpay
#wavepay
#social

You missed