ခမ်းသားငေါဝ်း
သြဂုတ် ၂၃၊၂၀၂၄

မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ဝမ်စိမ်းမှ ခိုလမ်မြို့သွားသည့် လမ်းတွင် ရေကြီးရေလျှံမှုဖြစ်ပြီးခရီးသွားသူများ အခက်ခဲဖြစ်နေကြောင်း ဩဂုတ်လ (၂၂)ရက်တွင် သိရသည်။

ရှမ်းပြည်တောင်ပိုင်း ဝမ်စိမ်းနှင့် ခိုလမ်မြို့သို့ သွားသည့်လမ်း နမ့်ဟူးကူရွာနားတွင် နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်။

“မနက်သွားတုန်းက အဲ့လောက်မကြီးသေးဘူး။ မိုးကမတိတ်တော့ ရေကပိုကြီးလာဖို့ပဲရှိတယ်။ ငါ့ဆိုင်ဆယ်လည်း ‌ဒီနားဖြတ်လိုက်တော့ တော်တော်နဲ့ စက်နိုးမရဘူး”ဟု ခရီးသွားသူတစ်ယောက်က ပြော သည်။

ဝမ်စိမ်းမှခိုလမ်မြို့ကြားရှိ ရွာအများစုသည် ကုန်ဈေးဝယ်ယူမှု၊ကျန်းမာရေးကိစ္စ စသဖြင့် ခိုလမ်မြို့သို့သာ အဓိကသွားလာကြသောကြောင့် ဂရုစိုက်သွားလာကြရန် ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ဩဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဘေးဒုက္ခခံနေရသူ အများအပြားရှိပြီး၊ တချို့ဒေသတွင် စိုက်ပျိုးရေးဧကများစွာ ပျက်စီးမှုရှိကြောင်း သိရသည်။

#PPV0011
#ရာသီဥတု
#ရေကြီးရေလျှံမှု
#ဝမ်စိမ်း

Leave a Reply

Your email address will not be published. Required fields are marked *