ခမ်းသားငေါဝ်း
သြဂုတ် ၂၃၊ ၂၀၂၄

တောင်ကြီးမြို့နယ်တောင်ဘက်ရှိ ကျေးရွာအုပ်စုအချိူ့တွင်ပြည်သူ့စစ်သင်တန်းမတက်ရောက်နိုင်သည့်နိုင်ငံခြားရောက်‌သူများကို တစ်ယောက်သုံးသိန်းနူန်းဖြင့်PNO ပြည်သူ့စစ်ကကောက်ခံနေကြောင်းဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်ထီဖောင်းကျေးရွာအုပ်စုတွင် PNOပြည်သူ့စစ်က ဆယ်ရက်တစ်ကြိမ်တပ်သားသစ်များစုဆောင်းနေပြီးသင်တန်းမတက်ရောက်နိုင်သည့်နိုင်ငံခြားရောက်နေသူများကိုငွေကြေး ကောက်ယူနေကြောင်းသိရသည်။

“ရွာမှာရှိတဲ့သူတွေကပိုက်ဆံထည့်လို့မရဘူး၊နိုင်ငံခြားရောက်နေတဲ့သူတွေပဲထည့်ရတာ၊တစ်ရွာကိုတစ်ယောက်၊ ရွာကြီးရင်တော့နှစ်ယောက်ဝင်ရတယ်၊ တစ်သုတ်ပြီးတစ်သုတ်မဲနိုက်စနစ်နဲ့သွားကြရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

စစ်သင်တန်း(၁၀)ရက်တက်ပြီးသည့်သူများကိုလုံခြုံရေးကင်းစောင့်ရန်အဖြစ်အခြားရွာသို့(၃)ရက်သွားစောင့်ပေးရကြောင်းသိရသည်။

စစ်မှုထမ်းဥပဒေကြောင့်ပြည်ပသို့လူငယ်အများအပြားထွက်ပြေးတိမ်းရှောင်ပြီးနောက်ပိုင်းစစ်ကောင်စီကစစ်မှုထမ်းအကျူံးဝင်လူငယ်များကိုပြည်ပထွက်ခွင့်ကန့်သတ်ထားကြောင်းသိရသည်။

ပအိုဝ်းဒေသ တွင် စစ်ကောင်စီ ၏ ပြည်သူ့စစ်မှုထမ်း အပြင် PNO ပြည်သူ့စစ် တပ်သားခေါ်ယူခြင်းပါခံနေရကြောင်းသိရသည်။

ပုံစာ- ဖာမွုန်းရွာတွင် PNO ပြည်သူ့စစ် သင်တန်းပေးနေစဥ်ပုံ

#PPV0012
#Humanright
#Taunggyi
#ပြည်သူ့စစ်
#PNO

Leave a Reply

Your email address will not be published. Required fields are marked *