ခမ်းသားငေါဝ်း
သြဂုတ် ၂၃၊ ၂၀၂၄

ညောင်ရွှေမြို့ နယ် နန့်ပန်ဒေသရှိ ရပ်ကွက် တချို့တွင် စစ်မှုထမ်းဆောင်ရန်အတွက် ညအချိန် ဝင်ရောက်ဖမ်းဆီးမည်ဆိုသည့် သတင်းကြောင့် ရွာထဲရှိ ယောက်ကျားများ တိမ်းရှောင်နေရကြောင်းဩဂုတ်လ ၂၃ ရက်က ဒေသခံထံ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေ မြို့ အင်းလေးဒေသရှိ နန့်ပန်မြို့ရပ်ကွက်တွင်စစ်မှုထမ်းရန် စစ်ကောင်စီထံ နာမည်ပေါက်သူကိုဝင်ဖမ်းမည်ဟုသတင်းများထွက်ပေါ်နေသည်။

“ သူကြီး က ဖုန်းခေါ်လာပြီးတော့ ဒီညကို နေရာပြောင်းအိပ်ပေါ့ ၊ သူကြီးက သတိပေးတော့ ကျွန်တော်နဲ့ သူငယ်ချင်းတွေကော နေရာ ပြောင်းအိပ်ရတယ်၊ သူကြီးကတော့ အမြဲ သတိနဲ့နေဖို့ပြောတယ်၊ စစ်ကောင်စီဘက်က ညအချိန်ဝင်ရောက်ဖမ်းမယ် လုပ်နေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

အင်းလေးဒေသရှိ ဒုတိယအကြိမ် စစ်မှုထမ်းရန် ခေါ်ဆောင်မှုများပြုလုပ်နေပြီး တချို့ရပ်ကွက်များ သည် ငွေကြေး အခက်အခဲကြောင့် လူမငှါးနိုင်သည့်အခြေအနေတွင် စစ်ကောင်စီဘက်က ရှိသည့်သူကို ဝင်ရောက်ဖမ်းဆီးနိုင်ခြေ များကြောင်းသိရသည်။

စစ်ကောင်စီက စစ်မှုထမ်း ဥပဒေ အတည်ပြုပြဌာန်းပြီးနောက် စစ်မှုထမ်းသင်တန်းပြုလုပ်ရာ အမှတ်စဥ်(၄)အထိရှိပြီဖြစ်ပြီး အမှတ်စဥ် ၅ အတွက်စာရင်းလိုက်ကောက်နေပြီဖြစ်ကြောင်းသိရသည်။

photo local

#ppv013
#Humanright
#အင်းလေး
#ညောင်ရွှေ
#စစ်မှုထမ်း
#နန်းပိုင်

Leave a Reply

Your email address will not be published. Required fields are marked *