ခမ်းသားငေါဝ်း
သြဂုတ် ၂၃၊ ၂၀၂၄
တအာင်းသူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ် ကို PSLF/TNLA ကျန်းမာရေးငှာန နှင့် Medical Family Mandalay( MFM )တို့ပူးပေါင်းပြီး သံလွင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက် နေ့တွင် TNLA ကထုတ်ပြန်ထားသည်။
တအာင်းဒေသထဲရှိ ဝေးလံခေါင်ဖျားသည့် ဒေသတွင် ကျန်းမာရေးစနစ် လက်လှမ်းမမှီတဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန်၊ ဆေးရုံဆေးခန်းတွင် လူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ကောလိပ်၏ ပထမဆုံး program အနေဖြင့် Associate Degree in Nursing ( ASD) ကို သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလ နှစ်နှစ်ကြာမြင့်မည်ဖြစ်ကာ သင်တန်းပြီးမြောက်အောင်မြင်သူများအနေဖြင့် တအောင်းပြည်နယ်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသော ဆေးရုံနှင့် ကျန်းမာရေးငှာနများတွင် သူနာပြုအနေဖြင့်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် သူနာပြုသိပ္ပံဘွဲ့ ဆက်လက်တက်ရောက်လိုသူများအနေဖြင့်လည်း စဥ်ဆက်မပြတ်ပညာရေးအခွင့်အလမ်းများရရှိနိုင်ရန် စီစဥ်ဆောင်ရွက်ပေးသွားမည်ကြောင်း ဆိုသည်။
လျှောက်ထားနိုင်သူများအနေဖြင့် အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်းရှိသူ၊ တက္ကသိုလ်ဝင်တန်း သို့မဟုတ် Grade-12 အောင်မြင်ပြီးသူ၊ သင်တန်းကာလ ၂ နှစ် တက်နိုင်သူ၊ သူနာပြုစုမှုပညာအား စိတ်ဝင်စားပြီး စဥ်ဆက်မပြတ်ပညာဆီးပူးရန် စိတ်အားထက်သန်သူ ဖြစ်ရမည်ဟု ဖော်ပြထားသည်။
လျှောက်လွှာတွေများကိုတအောင်းကျန်းမာရေးငှာနရုံးများတွင်ရယူနိုင်ပြီး အောက်တိုဘာ ၁၄ ရက် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ကာ ကောလိပ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
#PPV 003
#TNLA
#သူနာပြု