ခမ်းသားငေါဝ်း
ဩဂုတ် ၂၂၊ ၂၀၂၄

ဆီဆိုင်တွင် ဒုတိယအကြိမ်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ကြစဉ် အသက် ၁၅ နှစ်အရွယ် ကလေးသုံးဦးသည် မိသားစုဝင်နှင့်အဆက်သွယ်ပြတ်ပြီး PNLA တပ်ကထိန်းသိမ်းပေးခဲ့ပြီး မိဘကိုပြန်အပ်ရာ သွားရောက်ခေါ်ပေးသည့် အိမ်နီးချင်းက တစ်ဦးဆယ်သိန်းမိဘထံတောင်းခံသည်ဟု အုပ်ထိန်းသူထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘုရားဖြူရွာရှိ ကလေးပျော်ဆုံးသည့်အတွက် မိဘနှင့်အသိုင်းအဝိုင်းများက စိက်ပူကာ လူမှုကွန်ယှက်စာမျက်နှာတွင် တင်သောကြောင့် PNLA က ၎င်းတို့ထံတွင်ရှိနေပြီး အုပ်ထိန်းသူမှလာခေါ်နိုင်ကြောင်း အကြောင်းကြားစဉ် ကလေးမိဘက တစ်ဦးသည်ထိုင်းနိုင်ငံတွင်ရှိနေပြီး အဖွားနှင့်နေထိုင်သူဖြစ်ကာ နောက်တစ်ဦးသည် မိခင်ကစိတ်မနှံ့သူဖြစ်ပြီး နောက်တစ်ဦးသည် လင်မရှိမုဆိုးမအမေဖြစ်နေသည့်အတွက် သွားခေါ်ရန်ကြောက်ရွံ့ကြပြီး တစ်ရွာတည်းနေနန်းရွှေအိန်ကသွားခေါ်ပေးရာ သွားခေါ်ခကို တစ်ဦးဆယ်သိန်းပေးခဲ့ရသည်။

“PNLA ကဆိုတော့ကြောက်တာပေါ့ ကလေးရဲ့အဖိုးဖွားတွေက မသွားတတ်မလာတတ်တာလည်းပါ ဘေးအိမ်ကဦးလေးနဲ့ ခိုင်းမလို့သူကသွားပေးမယ် အိမ်နီးနားချင်းကူညီတယ်ထင်နေတာ ပြန်လာတော့ တစ်ယောက်ကို ဆယ်သိန်းတောင်းတဲ့အပြင် ဓာတ်ဆီဖိုးပါထပ်တောင်းသေး မပေးရင်ကလေးကိုဟိုးဘက်ပြန်ပို့မယ်ဆိုပြီးခြိမ်းခြောက်တော့ ကလေးရဲ့အဖိုးဖွားတွေက တောင်းသလောက်ပေးလိုက်ရတယ်” ဟုကလေးနှင့် ဆွေမျိုးတော်ဆပ်သူက ခမ်းသားငေါဝ်းကိုပြောသည်။

ကလေးများအားသွားခေါ်ပေးမည်ဟုဆိုစဉ် ဘယ်လောက်ပေးရမည်ပြောကြားခြင်းမရှိကြောင်း ကလေးတစ်ဦးသည် ၎င်းနှင်ဆွေမျိုးတော်စပ်သူဖြစ်သည့်အတွက် စေတနာနှင့်သွားခေါ်သည်ဟုထင်ထားသော်လည်း ဆွေမျိုးက ဆယ်သိန်းပေးရကြောင်း ၎င်းကဆက်ပြောသည်။

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် ကလေးမိခင်က “သူသွားခေါ်ပေးလို့ ပြန်ရောက်လာတဲ့အတွက် ကျေးဇူးတင်တယ် သုံးယောက်ကိုဆယ်သိန်းပေးဖို့ ကလေးရဲ့အဖွားကသုံးသိန်းပေးတာ မယူဘူးပြန်သွားတယ် သူများနားချေးငှားပြီးပေးရတယ် “ဟု ပြောသည်၊၊

PNLA မှကလေးများလမ်းပျောက်နေသည့်အတွက် ခေါ်ယူထိန်းသိမ်းထားခြင်းဖြစ်ပြီး လိုင်းပေါ်တွင်ကလေးပျောက်နေပြီး မိသားစုများစိုရိမ်နေကြသည်ကို တွေ့ရှိသည့်အတွက် မိသားစုဝင်များအနေဖြင့် လာခေါ်နိုင်သည်ဟု ဆိုလာသောကြောင့် သွားခေါ်သည့်အခါတွင်လည်း ငွေတပြားမှတောင်းခံခြင်းမရှိကြောင်း သိရသည်၊၊

“ဟိုဖက်သွားခေါ်ပေးတာ ပိုက်ဆံတောင်းတာအမှားလား ဘယ်သူမှအလာကားမသွားခေါ်ပေးဘူးလေ ရွာထဲကယောက်ကျားလေးတောင်မသွားရဲဘူး ဟုတ်ပါတယ် တယောက်ကိုဆယ်သိန်းတောင်းတယ် များလို့လားသူတို့ သူများကိုခိုင်းရင်သွားရဲတဲ့သူလဲမရှိ”ဟု သွားခေါ်သူ နန်းရွှေအိန်ကပြောသည်၊၊

ထိုကလေးများသည် သြဂုတ်လ ပထမအပတ်တွင်စစ်ဘေးရှောင်ရာမှ မိသားစုဝင်များနှင့်ကွဲသွားကြ ခြင်းဖြစ်ကြောင်း သိရသည်၊၊

PPV001
#လူ့အခွင့်အရေး
#စစ်ဘေးရှောင်ကလေး
#PNLA
#ဆီဆိုင်
#ဘုရားဖြူ

Leave a Reply

Your email address will not be published. Required fields are marked *