ခမ်းသားငေါဝ်း
သြဂုတ် ၂၃၊ ၂၀၂၄
ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်သောကြောင့် စာသင်ကျောင်းများမကြာခဏ ပိတ်ထားရကြောင်း CDM ကျောင်းဆရာမတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စာသင် ကျောင်းများ နှင့် ကျေးရွာစာသင်ကျောင်းများတွင် စစ်ကောင်စီ၏ လေကြောင်းမကြာခဏဝဲနေခြင်းကြောင့်လေကြောင်းရန် ကိုစိုးရိမ်နေရသည်။
” ဒီလထဲမှာ လေယာဥ်တွေမကြာခဏ လာဝဲနေတယ်၊ ဗုံးကြဲမှာ ကိုကြောက်တာပေါ့နော်၊ အဲ့ကြောင့် လေယာဥ်လာတိုင်း ကျောင်းကို ပိတ်ထားရတယ်” ဟု CDM ကျောင်းဆရာမတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
စစ်ရှောင်စာသင်ကျောင်းတွင် လူမျိုးပေါင်းစုံ ကျောင်းသား( ၁၀၀) ကျော်ရှိကြောင်း သိရသည်။
” ဆရာမတို့ကျောင်းမှာတော့ လူမျိုးအစုံရှိတယ်၊ ကယန်းရှိတယ်၊ ပအိုဝ်းတွေလည်းရှိတယ်၊ ဗမာတွေလည်းရှိတယ်ပေါ့နော်၊ ကျောင်းသားဦးရေတော့ ၁၂၀ ရှိတယ်” ဟု ၎င်း ကဆက်ပြောသည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဆေးရုံ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် ကျောင်းသားမိဘများ စိုးရိမ်မှုများရှိနေကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လ တွင်လည်း စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံအနောက်ဘက်ခြမ်းရှိ လအိကျေးရွာ ဆေးရုံကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
photo online
#PPV003
#လေကြောင်းရန်
#ဖယ်ခုံအနောက်ခြမ်း
#Humanright
#စာသင်ကျောင်း