ခမ်းသားငေါဝ်း

ဩဂုတ် ၂၂၊ ၂၀၂၄

အောင်ပန်းတွင် တောင်ကြီးခွဲတန်းအတွက် ဆီလာပို့သည့် ဆီဘောက်ဆာယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်းပန်း-ကလော လမ်းခွဲ လပ်ကီးဆဲဗင်း စက်သုံးဆီဆိုင် အနီး၌ သြဂုတ်လ ၂၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် တောင်ကြီးခွဲတန်းအတွက် မန္တလေးမှ တက်လာသော ပရီမီယံဆီဘောက်ဆာယဥ်တစ်စီး တိမ်းမှောက်ခဲ့သည်။

” တောင်ကြီးခွဲတမ်းအတွက် ဆီလာပို့တာလို့ပြောတယ်၊ ကုန်းတက်လည်းဖြစ်တယ် မိုးကရွာတော့ လမ်းစလစ်ဖြစ်ပြီးမှောက်သွားတာ” လို့နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကားတိမ်းမှောက်မှုကြောင့် ဆီများ မြောင်းထဲယိုဖိတ်သွားမှုများရှိကြောင်း၊ ဆီလည်ဖို့အတွက်ကားမှာ နာရီဝက်နေမှ ရောက်လာပြီး ဆီများပြန်ထုတ်ယူသွားကြောင်း၎င်းကဆက်ပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ကားစပါယ်ရာမှာ လက်ကျိုးဒဏ်ရာရရှိသွားပြီး ကားသမားမှာ ပွန်းပဲ့ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများအား နာရေးကူညီမှုအသင်းအောင်ပန်းမှ အောင်ပန်းဆေးရုံအရေးပေါ်ငှာန သို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

PPV003
ဓာတ်ပုံ- နာရေးကူညီမှုအသင်း အောင်ပန်း
#မှုခင်း
#အောင်ပန်း
#ဆီဘောက်ဆာယာဥ်
#တိမ်းမောင်မှုဖြစ်ပွား
#နာရေးကူညီမှုအသင်းအောင်ပန်း

Leave a Reply

Your email address will not be published. Required fields are marked *