ခမ်းသားငေါဝ်း

ဩဂုတ် ၂၂၊ ၂၀၂၄

ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းဘက်မှ ရှမ်းမြောက်သို့သွားမည့် နို့စို့ကလေးငယ်အပါအဝင် ၁၆၀ ဦးကျော်အား မြေမဲစစ်ဆေးရေးဂိတ်တွင် PNO ပြည်သူ့စစ်ကဖမ်းဆီးပြီး စစ်ကောင်စီထံသို့ လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် မြေမဲဂိတ်တွင် ဩဂုတ် ၂၀ ရက်နေ့၌ ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းဘက်မှ ရှမ်းမြောက်သို့သွားမည့် နို့စို့ကလေးငယ်အပါအဝင် ၁၆၀ ဦးကျော်အား မြေမဲဂိတ်တွင် PNO ပြည်သူ့စစ်ကဖမ်းဆီးထားပြီး ထိုရက်ပင်စစ်ကောင်စီနှင့် လက်အောက်ရဲထံ လွဲပြောင်းပေးခဲ့သည်၊၊

“ဗမာစစ်သားက ဆတ်သေရွာထဲမှာရှိနေတယ် ရှမ်းမြောက်ကိုသွားမဲ့အဖွဲ့ကို မြေမဲဂိတ်မှာ စစ်နေတာနောက်ကားတစ်စီးထဲမှာ လက်နက်တွေလည်းတွေ့တယ်ဆိုလား ဟုတ်မဟုတ်တော့မသိဘူး ရောပြီးအဖမ်းခံရတာနေမှာ အကုန်းလုံးကို ဗမာစစ်သားလက်အပ်လိုက်တယ်တဲ့” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊

ဩဂုတ် ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဆတ်သေရွာသို့ရောက်ရှိလာပြီး တပ်စွဲနေသည့်အတွက် စစ်ကောင်စီလက်ထဲအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်၊၊

နောက်ဒေသခံတစ်ဦးကလည်း “ဗမာစစ်သားလက်ထဲအပ်လိုက်တာဆိုတော့ သူတို့ဘယ်လိုလုပ်မလဲ ဘယ်လိုစီစဥ်မလဲတော့မသိဘူး သွားတောင်မကြည့်ရဲဘူး”ဟု ပြောသည်၊၊

ထိုကိစ္စနှင့်ပတ်သက်ပြီး PNO ပြည်သူ့စစ်ကသတင်းထုတ်ပြန်ထားခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားခြင်းမတွေ့သေးပါ၊၊

လက်ရှိအချိန်ထိ ဆတ်သေရွာတွင် စစ်ကောင်တပ်ဖွဲ့များ ရွာထဲတပ်စွဲနေခြင်းကြောင့် ရွာတွင်းတိုက်ပွဲဖြစ်ပွါးမည်ကိုကျေးရွာရှိ ပြည်သူများကစိုးရိမ်နေကြကြောင်းသိရသည်၊၊

PPV001
ဓာတ်ပုံ- Crd (အွန်လိုင်း)
#လူ့အခွင့်အရေး
#ရန်ကုန်တိုင်း
#ဧရာဝတီတိုင်း
#ရှမ်းမြောက်သို့သွားမည့်သူများ
#ရပ်စောက်မြို့နယ်
#မြေမဲဂိတ်

Leave a Reply

Your email address will not be published. Required fields are marked *