ခမ်းသားငေါဝ်း
ဩဂုတ် ၂၂၊ ၂၀၂၄

နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာသည့်အတွက်ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း PSLF/TNlAက သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ယမန်နေ့မနက် ၉ နာရီ ၁၃ မိနစ် အချိန်တွင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲပြီး ၉ နာရီ ၁၂ မိနစ်အချိန်တွင် သရက်ချိုရှိ စစ်ကောင်စီတပ်စခန်းနှင့် ၉ နာရီ ၅ မိနစ်အချိန်တွင် ကမ္ဘောဇဘုန်းတော်ကြီးကျောင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တောင်ခမ်းရွာ စစ်ကောင်စီ (၉၀၂) တပ်စခန်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူမှ နောင်ချိုမြိုနယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင် TNLA ကဆိုသည်။

သြဂုတ်လ (၂၀)ရက်နေ့တွင်လည်း နောင်ချိုမြိုနယ် သရက်ချိုနှင့် တောင်ခမ်းရွာတွင် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ-PSLF/TNLA
#PPV008
#စစ်ပွဲ
#နောင်ချိုမြို့နယ်
#စစ်အင်အားဖြည့်တင်းလာခြင်း
#သရက်ချိုရွာ
#တောင်ခမ်းရွာ
#တိုက်ပွဲဆက်လက်ဖြစ်ပွါး

Leave a Reply

Your email address will not be published. Required fields are marked *