ခမ်းသားငေါဝ်း

ဩဂုတ် ၂၁၊ ၂၀၂၄

အင်အားတစ်သောင်းဖြင့်PNO /PNA ပြည်သူ့စစ် စစ်သင်တန်း ဆင်းပွဲကို သြဂုတ်လ၂၁ ရက်နေ့တွင် ပင်လောင်းမြို့နောင်တရားဒေသ၌ ပြုလုပ်‌ခဲ့ကြောင်း ဒေသခံထံက သိရသည်၊၊

ရှမ်း ပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ဒေသခံပြည်သူများက မိမိတို့ဒေသကာကွယ်ရေးနှင့် လုံ ခြုံရေးရေးကိစ္စဆောင်ရွက်နိုင်ရန်အမှတ်စဥ်(၁) စစ်အင်အားတစ်သောင်းဖြင့် PNO/PNA ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်၊၊

“ငါးရက်လောက် အတင်းအဓမ္မ တစ်အိမ်တစ်ယောက်မတက်မနေရဆိုပြီး အမိန့်ကြောင့်သင်တန်းတက်ထားတဲ့သူတွေကိုစုပြီး အင်အားပြချင်တာလည်းပါတာပေါ့ သင်တန်းဆင်းပွဲပြုလုပ်တဲ့သဘောပါ ခုပွဲပဲကြည့်အဝတ်ပဲပါသေနတ်ကျမပါနေဘူး သေခိုင်းဖို့လားမသိဂျင်းထဲ့ခံနေကြရတာ ဘယ်လိုလာမလဲမသိဘူး ” “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကို ပြောသည်၊၊

အမိန့်ကြောင့်မတက်မနေရဟုဆိုလို့သာ တက်နေရခြင်းဖြစ်ပြီး တစ်ရာဦးတွင် ဆယ်ဦး၊ နှစ်ဆယ်ဦးခန့်စိတ်ပါသူရှိနိုင်ကြောင်း ထိုသူများသည်လည်း နိုင်ငံရေးအမျိုးသားရေး နားမလည်သူများဖြစ်ကြောင်း ပအိုဝ်းလူငယ်တစ်ဦးက သုံးသပ်ပြောဆိုသည်၊၊

“အင်အားတစ်သောင်းကသူတို့ပြောတာ အဲလောက်မရှိလောက်ဘူး ပြီးတော့ တကယ်စစ်ပွဲဖြစ်လို့ ရှေ့တန်းပို့တာတို့ ရှေ့ကနေတိုက်ခိုင်းတာတို့ဆိုရင် ထွက်ပြေးမယ့်သူချည်းပဲ ငါရက်လောက်သင်တန်းပေးပြီး လက်နက်ပေးအဝတ်ပေး အသက်အပိုပါတာမှမဟုတ်တာ”ဟု ၄င်းကပြောသည်၊၊

အထက်ပါသင်တန်းဆင်းပွဲတွင် ပြည်သူ့စစ် ပအိုဝ်းအမျိုးသားတပ်မတော် (𝙋𝙉𝘼)စစ်ဦးစီးချုပ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(𝙋𝙉𝙊)ပါတီဝင်များ၊ စန္တာခမ်းစစ်ဒေသမှူးများနှင့် ပြည်သူလူထုများတက်ရောက်ခဲ့ကြောင်းသိရသည်၊၊

PNO/PNA သည် ၁၉၉၁ ခုနှစ်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေသ-၆ အဖြစ် အုပ်ချုပ်ခဲ့သည်။

ငြိမ်းချမ်းရေးယူခဲ့သည့် PNA ကို PNO အသွင်ပြောင်းပြည်သူ့စစ်ဟုပြောင်းလဲခဲ့ပြီး စစ်တပ်၏လက်အောက်ခံသို့ရောက်ရှိခဲ့ကြောင်းသိရသည်။

လက်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ် ဌာနေ အုပ်ချုပ်နေသည့် နယ်မြေများနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းတွင် မြန်မာ့တပ်မတော်နှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် လက်နက်ကိုင်များကြား တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ဒေသလုံခြုံရေးကို အသွင်ပြောင်းပြည်သူ့စစ် PNO/ PNA က ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

𝙋𝙋𝙑009
ဓာတ်ပုံ-အွန်လိုင်း(Crd)
#လူ့အခွင့်အရေး
#စစ်ရေး
#ပင်လောင်း
#နောင်တရား
#စစ်သင်တန်းဆင်းပွဲ

Leave a Reply

Your email address will not be published. Required fields are marked *