ခမ်းသားငေါဝ်း

ဩဂုတ် ၂၁၊ ၂၀၂၄

တောင်ကြီးမြို့ပေါ် တွင် ဆိုင်ကယ်ဦးထုတ် မဆောင်းသူများနှင့် တစ်လမ်းသွားလမ်းကို ပြောင်းပြန်မောင်းသည့် သူများအား မော်တော်ပီကယ်က ဖမ်းနေကြောင်း ဩဂုတ်လ ၂၁ ရက်တွင်ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ မြတ်တော်ဝင်ဆေးရုံရှိ မိန်းလမ်းမကြီးပေါ်တွင် မော်တော်ပီကယ်များက ဦးထုတ်မဆောင်းသူများနှင့် တစ်လမ်းသွားလမ်းကို ပြောင်းပြန် မောင်းလာသောသူများကို ဖမ်းနေကြောင်းသိရသည်။

“ မော်တော်ပီကပ်တွေက သူတို့ဖမ်းချင်တဲ့အချိန်ဖမ်းနေကြတာ၊ ပြီးတော့လည်း သူတ်ို့တောင်းသလောက် မပေးရင် ရုံးမှာ သွားဆောင်ခိုင်းတယ်၊ လူတွေကလည်း မမှတ်ဘူး ဆိုင်ကယ်ဦးထုတ်ဆို မဆောင်းကြဘူး၊ ပြီးတော့ တစ်လမ်းသွားကိုပြောင်းပြန်မောင်းလာတဲ့သူနဲ့ အဲ့လို့ ဖြူနီကြားကနေ လမ်းဖြတ်ကူးတာတွေလုပ်တော့ ဖမ်းတာပေါ့” ဟု မျက်မြင်တွေ့သူက ပြောပါသည်။

တောင်ကြီးမြို့ပေါ်ရှိ မော်တော်ပီကယ်များသည် သူတို့ စိတ်ရှိတိုင်း ဖမ်းချင်တဲ့ အချိန်တိုင်း အချိန်မရွေး ပြည်သူဆီကနေ ငွေညစ်တောင်းလိုက် ဖမ်းလိုက် လုပ်နေဆဲမို့ ပြည်သူများ သတိထားသင့်ကြောင်း သိရသည်။

PPV0013
ဓာတ်ပုံ-CJ
#မှုခင်း
#တောင်ကြီးမြို့
#ဗိုလ်ချုပ်အောင်ဆန်းလမ်း
#မြတ်တော်ဝင်
#လမ်းမကြီး
#မော်တော်ပီကယ်

Leave a Reply

Your email address will not be published. Required fields are marked *