ခမ်းသားငေါဝ်း
ဩဂုတ် ၂၁၊ ၂၀၂၄

တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီအသွင်ယူဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်တောင်ပိုင်း ရှိတောင်ကြီး-အေးသာယာ-ညောင်ရွှေ လမ်းမကြီးတစ်လျှောက်တွင်ရှိသည့် လမ်းဘေးတွင် ခုံချပြီးပုလင်းများဖြင့်ဆီမှောင်ခိုရောင်းချနေသူများအား စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးမှုပြုလုပ်နေသည်။

“တစ်ချိူ့ကတော့ဆီပန့်တွေမှာ တန်းစီတိုးပြီးရလာသလောက်ကို အပြင်မှာဈေးတင်ပြီးပြန်ရောင်းကြတယ်လေ၊ အဲတော့ဆီပန့်မှာတန်းမစီချင်တဲ့သူတွေအချိန်သိပ်မရတဲ့သူတွေကတော့ ဈေးများမှန်းသိလည်း ဝယ်ကြတာပဲ၊အဓိကဆီရဖို့တွက်ပဲလေ ၊ဆီဆိုင်တွေမှာ တစ်ရက်တစ်ရက်လူတွေကနည်းတာမှမဟုတ်တာ” ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံများ လိုက်လံဖမ်းဆီးမှုရှိနေခြင်းကြောင့် တစ်ချိူ့မှောင်ခိုသမားများက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရောင်းချသူများလည်းရှိနေကြောင်း သိရသည်။

ပြီးခဲ့ရက်ပိုင်းက တောင်ကြီးမြို့အပြင်အောင်ပန်း၊ညောင်ရွှေ၊ ဟိုပုံးအစရှိသည့်မြို့များတွင်လည်း ဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီလက်အောက်ခံက လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV0012
#မှုခင်း
#တောင်ကြီး
#အေးသာယာ
#ညောင်ရွှေ
#ဆီမှောင်ခို

Leave a Reply

Your email address will not be published. Required fields are marked *