ခမ်းသားငေါဝ်း
ဩဂုတ် ၂၁၊ ၂၀၂၄

မတည်ငြိမ်သောအခြေအနေများကြောင့် ဒီမောဆိုဘက်ခြမ်းတွင် စိုက်ပျိုးရေးကိုအနည်းငယ်သာလုပ်ကိုင်နေရကြောင်း ဒေသံခံတောင်သူတစ်ဦးထံမှသိရသည်။

ကရင်နီ(ကယား) ပြည်နယ်၊ ဒီမောဆိုဘက်ခြမ်းတွင် အချိန်မရွေးတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ခြင်း နှင့် လေကြောင်းရန်များကြောင့် တောင်သူများ စိုက်ပျိုးရေးကို အနည်းငယ်သာ လုပ်ကိုင်နေရသည်။

”အခြေအနေက ခန့်မှန်းလို့မရဘူးလေ၊ တိုက်ပွဲအချိန်မရွေးပြန်ဖြစ်နိုင်တယ်၊ ပြီးတော့လေယာဥ်တွေပေါ့၊ မကြာခဏ ဝဲ နေတော့ကြောက်နေရတယ်လေ၊ ဦးလေးတို့တော့ အများကြီးမစိုက်ရဲကြသေးဘူး ၊တိုက်ပွဲ ဖြစ်ရင်အကုန်ထားခဲ့ပြီး ပြန်ပြေးရမှာလေ” ဟု ဒေသခံတောင်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့်နှစ်တွင်လည်း တိုက်ပွဲကြောင့် တောင်ယာမလုပ်ခဲ့ရကြောင်း၊ ဒီနှစ်မှသာအနည်းငယ်ပြန်လည်စိုက်ပျိုးကြသော်လည်း ထပ်မံဆုံးရှုံးရမှာ ကြောက်နေကြောင်း ၎င်း ကဆက်ပြောသည်။

ကရင်နီပြည်နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် စိုက်ခင်းအမြောက်အများ ရေမြုပ် ဆုံးရှုံးခဲ့ရပြီး လာမည့်နှစ်အတွက် စိုက်ပျိုးရန်မျိုးစေ့ ရှားပါးလာနိုငျပွိီး တောင်သူများ စားဝတ်နေရေးခက်ခဲလာနိုင်ကြောင်းသိရသည်။

PPV003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စိုက်ပျိုးရေး
#ဒီမောဆိုဘက်ခြမ်း
#အချိန်မရွေးတိုက်ပွဲဖြစ်နိုင်
#လေကြောင်းရန်

You missed