ခမ်းသားငေါဝ်း

ဩဂုန် ၂၀၊ ၂၀၂၄

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ နေအိမ်တွင် အွန်လိုင်း(ကျားဖြန့်)ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၂၀)ဦးကိုဖမ်းဆီးခဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

ဖမ်းဆီးရာတွင် သက်သေခံပစ္စည်းများအဖြစ် လက်တော့ပ်(၂)လုံး၊ကွန်ပျူတာ (၄)စုံ၊ wifiစက်(၃)လုံးအပြင် ဆက်စပ်ပစ္စည်းများပါသိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်‌ကိုင်နေသူတရုတ်နိုင်ငံသား အသက် (၂၈)နှစ်ရှိ ရန်လုံးအပါအဝင်အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁)ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား(၁၀)ဦး၊အမျိုးသမီး(၆)ဦး စုစုပေါင်း(၂၀)ဦးအပြင် ထိုသူများအတွက် နေအိမ်ဌားရမ်းပေးသူ ဒေါ်စန္ဒာတို့အား ဩဂုတ်လ (၁၈)ရက် ၊ ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရသူများကို ချမ်းအေးသာစံမြို့နယ် အမှတ်(၃) နယ်မြေရဲစခန်းမှ အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာဥပ‌ဒေပုဒ်မ ၃၃ (က)/ ၃၈ နှင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းလူလိမ်ကိုင်းနှင့် ပတ်သက်၍မကြာခဏ ဖမ်းဆီးရမိလေ့ရှိကြောင်းနှင့် ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်လည်‌လွဲပေးမှုရှိသကဲ့သို့ မြန်မာနိုင်ငံသားများကို တာမွေမြို့နယ် တရားရုံးက နှစ်ရှည်ထောင်ချမှတ်ထားကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကျားဖျန့်
#အွန်လိုင်းငွေလိမ်လုပ်ငန်း
#မန္တလေးမြို့

Leave a Reply

Your email address will not be published. Required fields are marked *