ခမ်းသားငေါဝ်း
ဩဂုတ် ၂၀၊ ၂၀၂၄

ပင်လောင်းဒေသတွင် စက်သုံးဆီအပြင်စားသုံးဆီ စျေးမြှင့်တက်လာမှုကြောင့် ဒေသခံပြည်သူများအခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသတွင် စားသုံဆီ တပိဿာလျှင် နှစ်သောင်းနှင့်အထက်ရှိနေပြီး စက်သုံးဆီ တစ်လီတာလျှင် ၄၇၀၀ ကျပ်နှင့်အထက်စျေးရှိနေသည့်အတွက် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေကြောင်းသိရှိရပါသည်။

“စားသုံးဆီ တစ်လီတာ ကို တစ်သောင်းရှိပြီပေါ့နော် စျေးတအားကြီး‌တယ် ဒါတောင်အညံ့ဆုံး ဓာတ်ဆီဆိုရင်လည်း ဆိုင်ကြီးမှာ ဟို‌နေ့က တစ်လီတာ ၄၅၀၀ ခုဆို ၄၇၀၀ ဆိုင်အသေးတွေဆို အဲထက်စျေးပိုကြီးတယ် ကုန်စျေးနှုန်းတွေက်တော့ ခေါင်းမူးချင်စရာပါပဲ”ဟု ဒေသခံ ပြည်သူတစ်ဦးကပြောသည်။

ပင်လောင်းမြို့တွင် စားသုံးဆီနှင့် စက်သုံးဆီစျေးအပြင် တခြားလူသုံးကုန်နှင့် ဟင်းသီးဟင်းရွက်များလည်း စျေးတက်နေကြောင်းသိရသည်။

ရွှေစျေးဒေါ်လာစျေးတက်လာသည်နှင့်အမျှ ကုန်စျေးနှုန်းများလိုက်တက်နေပြီး ရွှေစျေးအနည်းငယ်ပြန်ကျလာသော်လည်း ပင်လောင်းမြို့ရှိ ကုန်စျေးနှုန်းများက တစ်ဆတစ်ဆစျေးတက်လာနေသည်။

#PPV008
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကုန်ဈေးနုန်း
#ပင်လောင်း

Leave a Reply

Your email address will not be published. Required fields are marked *