ခမ်းသားငေါဝ်း
ဩဂုတ် ၂၀၊ ၂၀၂၄

အောင်ပန်းတွင် ထော်လာဂျီနှင့်ဆိုင်ကယ် မတော်တဆ တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးနှင်းလာသူ လင်မယား ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်းပန်းထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း -ပင်းတယသွားရာလမ်းရှိ ရွှေဘိုသူ စက်သုံးဆီအရောင်းဆိုင်အကျော်တွင် သြဂုတ်လ ၁၉ ရက်က ထော်လာဂျီနှင့်ဆိုင်ကယ်မတော်တဆယာဥ်တိုက် မှုဖြစ်ပွားခဲ့ရာ အသက်၂၀ အရွယ်ရှိ လင်မယားနှစ်ယောက်နှင့် ထော်လဂျီမောင်းသည့်သူတိုက်မိပြီး ယောကျာ်းဖြစ်သူမှာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

“သူ့ယောကျာ်းကညာဘက်လက် မောင်းကျိုးသွားတယ် ပြီးတော့လည်ပင်းမှာ တစ်ခုခုသွားထိုးမိတာထင်တယ် သူ့လည်ပင်းမှာ ပျက်ရှဒဏ်ရာရှိတယ် သူ့မိန်းမကျတော့ မျက်နှာမှာ ပွန်းပဲ့ရုံလောက်ဘဲ ဒဏ်ရာရတယ် ထော်လာဂျီသမားက‌ တော့ပွန်းပဲ့ဒဏ်ဂာပဲရတယ်”ဟု နာရေးကူညီမှုအသင်း အောင်ပန်းကပြောသည်။

ဆိုင်ကယ်သမားဖြစ်သည့် လင်မယား နှစ်ယောက်သည် ကိုငြိမ်းကျော်နှင့် မငြိမ်းကိုတို့ဖြစ်ပြီး ယခုကလောပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်းသိရသည်။

𝙋𝙋𝙑009
ဓာတ်ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်း
#ဆိုင်ကယ်နှင့်ထော်လာဂျီတိုက်မှု

Leave a Reply

Your email address will not be published. Required fields are marked *