ခမ်းသားငေါဝ်း
ဩဂုတ် ၂၀၊ ၂၀၂၄

တောင်ကြီးမြို့ပေါ် ရှိ ဆီဆိုင်များ၌ ဆီတန်းစီ ဝယ်ယူချိန် အသက် ၃၀ ကျော်အမျိုးသမီးများ အိပ်ရေးပျက်ဒဏ်နှင့် နေအပူချိန်ဒဏ်ကြောင့် မူးလဲမှုအဖြစ်များနေကြောင်းဩဂုတ်လ ၂၀ ရက်နေ့တွင်ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဆီဝယ်ယူမှုအတွက် နေတိုင်းလိုလိုဆီကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့်အသက် ၃၀ ကျော် အမျိုးသမီး အများအစုသည် အိပ်ရေးပျက်ဒဏ်နှင့် နေပိုင်းအပူဒဏ်တို့ကြောင့် မူးလဲသူများရှိနေသည်။

“ကျွန်မတော့ မနက်အစောကြီး ၄ နာရီကျော် ဆီတန်းသွားစီတယ်ကော။ ဘာအခက်အခဲရှိလည်းဆိုတော့ လူတွေက နေရလုကြတယ် အဲ့တာမျိုးရှိတယ်။ ပြီးတော့ အဒေါ်ကြီးအရွယ်အများစုက အိပ်ရေးပျက်ခံ ရလို့ အဲ့လို့မူးလဲသူများတယ်” ဟု ဆီတန်းစီသူ ထံမှ သိရသည်။

တောင်ကြီးမြို့ပေါ်ရှိ ပြည်သူများသည် ဩဂုတ်လ တတိယအပတ်အထိ ဆီများကိုအချိန်ကြာမြင့်စွာဆီဝယ်ယူ နေရဆဲ ဖြစ်ကြောင်းနှင့် ခုနောက်ပိုင်းဆိုရင် တချို့ဆီဆိုင်တွင် လူများဆီတန်းစီရာ၌ စည်းကမ်း ရှိလာကြောင်းသိရသည်။

မြန်မာတနိုင်ငံရှိ နေရာအများစုတွင် စက်သုံးဆီရရှိမှုသည် တည်ငြိမ်မှု မရှိသည့်အပြင် မှောင်ခိုးစျေးကွက်များလည်း ပိုမိုများပြားလာမှုကြောင့် ပြည်သူများ ပိုမိုခက်ခဲနေရာကြောင်းသိရသည်။

PPV0013
ဓာတ်ပုံ-CJ
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#တောင်ကြီး
#စက်သုံးဆီ

You missed