ခမ်းသားငေါဝ်း
ဩဂုတ် ၁၉ ၊ ၂၀၂၄

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့၏ အချို့ရပ်ကွက်တွင် အင်တာလိုင်း အသုံးပြုလို့ရနေပြီ ဖြစ်ကြောင်း ဩဂုတ်လ ၁၉ရက်တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ရပ်ကွက် (၁၂)၊မန်ဆူအနီးတဝိုက်တွင် Mytel ဖုန်းလိုင်းများပြန်ရနေပြီး အင်တာနက်လိုင်းလည်းအသုံးပြုလို့ရကြောင်း သိရသည်။

“Mytel လိုင်းရတယ်။ လိုင်းတော့ အရမ်းကြီး မကောင်းသေးဘူးပေါ့။ လာသုံးတဲ့သူလည်းများတယ်။ နောက်ဆိုရင် နေရာတိုင်း လိုင်းပြန်ရဖို့က ငါတို့ရဲ့ မျှော်လင့်ချက်ဘဲ”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

လားရှိုးမြို့ရပ်ကွက် (၅)ဘက်တွင်လည်း ဖုန်းလိုင်းအနည်းငယ်ရနေကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၄ ရက်နေ့က စတင်ဖွင့်လှစ်ပြီး အရေးပေါ်လူနာ၊သားဖွားမီးယပ်၊ ဆီးစစ်ခြင်း၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့်၊ မွေးလူနာများ၊ ခွဲစိတ်ခြင်းများ လုပ်ဆောင်ပေးသည့်အပြင် TB ဆေးနှင့် ART ဆေးများလည်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် CDM ဝန်ထမ်းများကိုစတင်ခါ်ယူနေပြီး ပြန်လည်ထူထောင်ရေးအတွက် ဥပဒေပိုင်းတွင် ၈၀ ရာခိုင်နှုန်းကို ယခင်အတိုင်းလုပ်ဆောင်သွားမည် ဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းကို အပြောင်းအလဲဖြင့် လုပ်ဆောင်သွားဖို့ရှိကြောင်း MNDAA က ပြောဆိုထားကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်းလိုင်း
#လူ့အခွင့်အရေး
#လားရှိုး
#အင်တာနက်လိုင်း
#ကိုးကန့်တပ်
#MNDAA
#Mytel

Leave a Reply

Your email address will not be published. Required fields are marked *