ခမ်းသားငေါဝ်း
ဩဂုတ် ၁၉၊ ၂၀၂၄

ပင်ခွန်မှလုံးနဂါပတ်သို့သွားသည့်လမ်းတွင် မြေပြိုနေသည့်အတွက် ခရီးသွားများ သွားလာရန်ခက်ခဲနေကြောင်း ဩဂုတ်လ ၁၉ ရက်တွင်သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပင်ခွန်ရွာနှင့်လုံးနဂါပတ်ရွာကြားလမ်းတွင် မြေပြိုနေသည့်အတွက် ခရီးသွားများသွားရန်အခက်အခဲရှိနေသည်၊၊

“ဒီနေရာအရင်တစ်ခါလည်း ပြိုကျဖူးတယ် ကားနဲသွားလို့မရဘူး ဆိုင်ကယ်နဲ့တော့လို့ရတယ်ကားနဲ့က ပြန်လှည့်ခဲ့ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်၊၊

ခရီးသွားပြည်သူများ၊ ဝါးရန့်၊ ထီပေါင်နှင့် လုံးနဂါးပတ်သို့သွားလိုလျှင် လမ်းပြုပြင်ပြီးမှသွာလာနိုင်မည်ဖြစ်ကြောင်းသိရသည်၊၊

PPV009
ဓာတ်ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်း
#ပင်ခွန်
#လုံးနဂါပတ်
#မြေပြို
#သွားလာရန်ခက်ခဲ

Leave a Reply

Your email address will not be published. Required fields are marked *