ခမ်းသားငေါဝ်း

ဩဂုတ်၊ ၁၉၊ ၂၀၂၄

ညောင်ရွှေ ၊ နန့်ပန်မြို့နယ်ရှိ ဒုတိယအကြိမ် စစ်မှုတမ်းဆောင်ရန်အတွက် စစ်ကောင်စီက တစ်ရွာတစ်ယောက်ဖြင့် ခေါ်ယူပြီး မရသည့်ရပ်ကွက်များအား ဝင်ဖမ်းမည်ဟု ခြိမ်းခြောက်မှုရှိကြောင်း ဩဂုတ်လ ၁၉ ရက်တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေ ၊ နန့်ပန်မြို့ နယ်ရှိ ဒုတိယအကြိမ် အသက် ၃၅ အထက် စစ်မှုတမ်းဆောင်ရန်အတွက် စစ်ကောင်စီဘက်မှ တစ်ရွာတစ်ယောက်ဖြင့် ခေါ်ယူနေပြီး မရသည့် ရပ်ကွက်များကို ဝင်ရောက်ဖမ်းဆီးခေါ်ယူမည်ဟု ခြိမ်းခြောက်ကြောင်းနှင့် တချို့ရပ်ကွက်တွင် နာမည်ပေါက်ဖြင့် ခေါ်ယူနေသည်။

“အရင် တစ်ခေါက်တုန်းကတော့ လူငှါးထည့်လိုက်တယ်။ အဲ့ တုန်းက တစ်အိမ် ၁ သိန်း ၆ သောင်း ပေးရတယ်။ အဲ့ကတည်းက အဲ့ပိုက်ဆံကိုတောင်ပေးဖို့ကျန်နေသေးတာ။ ခုနောက်တစ်ကြိမ် ၃၅ နှစ် အထက် စစ်မှုထမ်းဖို့ ဆိုပြီး လူထပ်ခေါ်တော့ လူမငှါးနိုင်ဘူး။ ခုချိန် ပိုခက်ခဲတော့ ပိုဆိုးတယ်လေ။ ရွာသူကြီးကလည်း အဲ့ကိစ္စနဲ့ပက်သက်ပြီး နှုတ်ထွက် လိုက်တယ်။ အဲ့တော့ စစ်ကောင်စီဘက်ကလည်း လူ မရရင် ဝင်ဖမ်းမယ်ပြောတယ်။ အဲ့တော့နာမည်ပေါက်နဲ့ စစ်မှုထမ်းရမဲ့ စာကိုထုတ်ပြန်လာတာကြားတော့ ဒေသခံ တွေလည်း စိုးရိမ်နေရတယ်” ဟု ဒေသခံက ပြောပါသည်။

အင်းလေးဒေသတွင် ဒုတ်ိယအကြိမ် အသက် ၃၅ အထက် ပြည်သူ စစ်မှုထမ်းဆောင်ရန်အတွက် တစ်ရွာ တစ်ယောက် ခေါ်ယူနေပြီး တချို့ရပ်ကွက်များက လူငှါး ထည့်လိုက်နိုင်သော်လည်း ကျန်ရပ်ကွက်ရှိ ကျေးရွာများက လူငှါန်းရန်မတက်နိုင်သည့်အတွက် ဒေသခံများ စိုးရိမ်နေရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ပန်ကျေးရွာအုပ်စုသည်ကျေးရွာ ၁၁ ရွာဖြင့် ဖွဲ့စည်းထားခဲ့ပြီး ယခုအခါ နမ်းပန်ကျေးရွာ၊ ကုန့်ကယ်ကျေးရွာ၊ ကြာတောကျေးရွာတို့ကို ရပ်ကွက်(၁) အဖြစ်လည်းကောင်း၊ ပေါက်ပါးကျေးရွာ၊ ရေလယ်ကျေးရွာတို့ကို ရပ်ကွက်(၂) အဖြစ်လည်းကောင်း၊ ဈေးပါးကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ နောက်ကန်ကျေးရွာတို့ကို ရပ်ကွက်(၃) အဖြစ်လည်းကောင်း၊ သရက်ပင်ကျေးရွာ၊ မန်ကျီးကုန်းကျေးရွာ၊ ရေတွင်းပက်ကျေးရွာတို့ကို ရပ်ကွက်(၄)အဖြစ်လည်းကောင်း မြို့အဖြစ်ဖွဲ့စည်းခဲ့သည်။

PPV0013
#လူ့အခွင့်အရေး
#ညောင်ရွှေ
#နမ့်ပန်မြို့နယ်
#စစ်မှုထမ်းရန်

Leave a Reply

Your email address will not be published. Required fields are marked *