ခမ်းသားငေါဝ်း

ဩဂုတ် ၁၉၊ ၂၀၂၄

ကရင်နီပြည်နယ်မြောက်ပိုင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF အမှတ် (၉) တပ်ရင်းက ရဲဘော် ၆ ယောက် ကျဆုံးခဲ့ကြောင်း KNDF အမှတ်(၉)တပ်ရင်းထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၉) တပ်ရင်းတွင် တာ၀န်ထမ်းဆောင်နေသည့် ရဲဘော် ရီမောင်းဒို (ခ)ပိန်းဆူ၊ ရဲဘော် ဝီလျံ (ခ) ခွန်ဂျာ၊ ရဲဘော် သောမတ်(ခ) ရွှေနူး၊ ရဲဘော် ဖေဘီယံ (ခ) ဘိုဒိုကင် ၊ ရဲဘော်ထက်အောင်လွင်နဲ့ ရဲဘော် မာချယ်လီနို(ခ)ပီးပီ တို့ ၆ ယောက်သည်သြဂုတ်လ ၈ ရက်က ကရင်နီမြောက်ပိုင်းတစ်နေရာတွင် စစ်ကောင်စီကို တွန်းလှန်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်သွားခဲ့ကြောင်းသိရသည်။

ခေတ်ဆိုး စနစ်ဆိုးကြီးကနေ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အသက်ကို ပဓာန မထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်ရင်း ပေးဆပ်သွားခဲ့သည့် ရဲဘော် ၆ ယောက်ကို ကရင်နီပြည်အာဇာနည် သူရဲ‌ကောင်းတွေအဖြစ် အလေးနီပြု ဂုဏ်ယူမှတ်တမ်းတင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ၊KNDF အမှတ် (၉) တပ်ရင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#PPV0012
ဓာတ်ပုံ-KNDF
#စစ်ရေး
#ကရင်နီပြည်နယ်မြောက်ပိုင်း
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
#KNDF
#အမှတ်(၉)တပ်ရင်း

Leave a Reply

Your email address will not be published. Required fields are marked *