ခမ်းသားငေါဝ်း

ဩဂုတ် ၁၈ ၊ ၂၀၂၄

လုဲင်းလောင်းရွာရောက် RCSS/SSA တပ်ဖွဲ့ဝင်များ မီးဆော့ကစားရာမှ လက်ပစ်ဗုံးကျကာပေါက်ကွဲမှုဖြစ်ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက ဩဂုတ် ၁၈ ရက်တွင် သိရသည်။

ရပ်စောက်မြို့နယ် လုဲင်းလောင်းရွာတွင် ဩဂုတ် ၁၆ ရက်၌ ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်များ မီးဆော့ကစားရာမှ လက်ပစ်ဗုံးမီးထဲကျကာပေါက်ကွဲမှုဖြစ်ပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။

“ခြေထောက်မှာ ဒဏ်ရာရတာ တစ်ယောက်ကတော့ပြင်းထန်တယ် နှစ်ယောက်ကတော့မစိုးရိမ်ရဘူး ရွာကဆရာဆေးထိုးပေးရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဩဂုတ် ၁၇ ရက်တွင် RCSS/SSA တပ်ဖွဲ့ဝင်မျးက ရွာမှထွက်သွားပြီး တောင်ကြီးနယ်ဘက်သို့ ထွက်သွားခဲ့ကြောင်း၎င်းကဆက်ပြောသည်။

လက်ရှိတွင် RCSS/SSA အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်တို့တွင် သွားလာလှုပ်ရှားနေပြီး ဆက်ကြေးကောက်ခံမှုများရှိနေကြောင်း သိရသည်။

PPV001
ဓာတ်ပုံ-အွန်လိုင်း
#မှုခင်း
#ဆော့ကစား
#လက်ပစ်ဗုံး
#ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ
#RCSS/SSA
#ရပ်စောက်မြို့နယ်
#လုဲင်းလောင်းရွာ

Leave a Reply

Your email address will not be published. Required fields are marked *

You missed