ခမ်းသားငေါဝ်း
ဩဂုတ် ၁၈ ၊ ၂၀၂၄

ဒီပဲယင်းမြို့နယ်တစ်ခုလုံးအား တော်လှန်ရေးတပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ကထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တစ်ခုလုံးအား “အမှတ် ၁ စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ကွပ်ကဲမှု နဲ့ ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ရွှေဘိုခရိုငိပကဖ၊ဒီပဲယင်းမြို့နယ်ပကဖ ဘုတလင်မြို့နယ်ပကဖ၊ တန့်ဆည်မြို့နယ်ပကဖတို့ပါ ဝင်ပြီး ဒီပဲယင်းမြို့​ရှိစကစနဲ့ပျူများ တပ်စွဲနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မနက် ၆ နာရီ ၄၅ မိနစ်မှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ ခရိုင်ပကဖက သတင်းအတည်ပြုပါတယ်” ဟုဆိုထားသည်၊၊

စကစနှင့်ပျူတချို့ထွက်ပြေးသွားကြပြီး အလံဖြူထောင်​ လက်နက်ချပူးပေါင်းသူ စုစုပေါင်း ထိန်းသိမ်းထားသူ ၁၂၃ ဦးရှိပြီးပျူ ၂ ဦး Non CDM ဝန်ထမ်း ၄၁ ဦး မိသားစုဝင် ၈၀ ဦးအား ကောင်းမွန်စွာစောင့်ရှောက်ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများကို မြို့ထဲတွင်ဘဲ ဆောင်ရွက်ပေးနေကြောင်း ဆိုထားသည်၊၊

ဆက်လျှက်ပြီး ရေဦးမြို့က ထွက်လာသည့် စစ်ကောင်စီ စစ်ကူစစ်ကြောင်းကိုရေဦး၊ ဒီပဲယင်း ပကဖ တပ်ဖွဲ့ဝင်များက ထိရောက်စွာတားဆီးနိုင်ခဲ့ပြီး ဆက်လက်တိုက်ခိုက်နေဆဲဟု ထုတ်ပြန်ထားသည်၊၊

PPV001
ဓာတ်ပုံ-အွန်လိုင်း
#စစ်ကိုင်း
#ဒီပဲယင်း
#စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *