ခမ်းသားငေါဝ်း

ဩဂုတ် ၁၈၊ ၂၀၂၄

တောင်ကြီးတွင် စက်သုံးဆီဝယ်ရာတွင် ဆီရရှိရန်တန်းစီသော်လည်း ဆီမရဘဲပါလာသည့်ဆီပါကုန်သည့်သူများ ရှိနေကြောင်း ဒေသခံထံကသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စက်သုံးဆီဝယ်ယူရာတွင် ညလေးနာရီကတည်း အိပ်စောင့်ပြီး တန်စီသည့်သူများလည်းရှိသည့်အတွက် နောက်မှတန်းစီသည့်သူများ ဆီမရဘဲ ပါလာသည့်ဆီပါကုန်သည့်သူရှိနေသည်၊၊

“ဆီရမလားလို့ မနက်ကတည်းတန်းစီတာ ကိုယ့်အလှည့်တောင်မရောက်သေးဘူး ဆီကကုန်သွားတော့ ရှိတဲ့ဆီပါ ကုန်တာပဲအဖက်တင်တယ်”ဟုတောင်ကြီး ဒေသခံတစ်ဦးကပြောသည်၊၊

အပြင်လမ်းဘေးဆိုင်တွင် ဓာတ်ဆီတလီတာ ၈ ထောင်ထိရှိနေပြီး လိုသလောက်ဝယ်ယူလို့မရကြောင်း ပန့်ဆိုင်တွင်လည်း ကားတစ်စီး သုံးသောင်း၊ လေးသောင်း ဆိုင်ကယ်တစ်စီးတစ်သောင်းဖိုးသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်းသိရသည်၊၊

နောက်ဒေသခံတစ်ဦးကလည်း”မနက်အစော သုံးနာရီခွဲ လေးနာရီလောက်သွားတန်းစီတာ တစ်ခါမှဆီမရခဲ့လို့ ပန့်မှာတလီတာဘယ်လောက်ဆိုတာတောင် မသိရဘူး”ဟု ပြောသည်၊၊

တောင်ကြီးအပြင်၊ အောင်ပန်း၊ နမ့်စန်၊ ပင်လုံ၊ စသည့်မြို့များတွင်လည်း စက်သုံးဆီပျတ်လပ်မှုများ၊ ဆီရရှိရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်၊၊

PPV001

ဓာတ်ပုံ- အွန်လိုင်း (တောင်ကြီးမြို့၊ အလယ် BOC တွင် ဆီဖြည့်ရန် တန်းစီနေကြသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တန်း)
#လူ့အခွင့်အရေး
#တောင်ကြီး
#စက်သုံးဆီ
#ဆီရရှိရန်

Leave a Reply

Your email address will not be published. Required fields are marked *