ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊ ၂၀၂၄

တောင်ကြီးမြို့တွင် အိမ်ငှားခ ဆက်လက်မြင့်တက်နေခြင်းကြောင့် စစ်ဘေးရှောင်များ အခက်အ ခဲဖြစ်နေကြောင်းစစ်ဘေးရှောင် တစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရှမ်းမြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်အမြောက်အများရောက်ရှိလာခြင်းနဲ့အတူ အိမ်ငှားစရိတ်များလည်း မြင့်တက်နေပြီး ရှိနင့်ပြီးစစ်ရှောင်များလည်း အိမ်ဆက်လက်ငှားရမ်းရန်ပင် အခက်အခဲဖြစ်နေသည်။

”အရင်ဒီမှာ ငှားနေ တာ ၆ လချုပ်နဲ့ပေါ့နော်၊ အဲ့ဒါအိမ်ရှင်က လာပြောတယ် နောက်စာချုပ်မှာတော့ စျေးတက်မယ်တဲ့၊ တခြားနေရာပြောင်းရှာဖို့ကလည်းမလွယ်ဘူးလေ၊ ကိုယ့်အိမ်ကို ပြန်လို့လည်းမရသေးဘူး၊ ဘယ်လိုဆက်လုပ်ရမလည်းမသိဘူး” ဟု ကရင်နီ စစ်ဘေးရှောင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုသို့အိမ်ငှားခစျေးမြင့်တက်ရခြင်းသည် ကုန်စျေးနှုန်း အမျိုးမျိုးကစျေးမြင့်တက်လာခြင်းနှင့် ငွေကြေးတန်ဖိုးကျဆင်းခြင်းများနှင့်လည်းသက်ဆိုင်ကြောင်းနေကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ဒီမှာငှားနေတာ တစ်နှစ် ရှိပြီလေ၊ အရင်က တစ်လ ကို သုံးသိန်းခွဲ ဖြင့် ၆ လစာချုပ်ချုပ်ထားတာ၊ နောက် စာချုပ်အသစ်အတွက် တစ်လ ၅ သိန်းတက်ပြီလို့အိမ်ရှင်ကပြောတယ်လေ”ဟု ၎င်းစစ်ရှောင်တစ်ဦးကဆက်ပြောသည်။

တောင်ကြီးတွင် စစ်ဘေးရှောင်အမြောက်အများရောက်ရှိနေပြီး နေအိမ်ငှားရမ်းရန် နေရာမရှိသလောက်ဖြစ်နေပြီ ဖြစ်ကြောင်းသိရသည်။

ကရင်နီပြည်၊ ပင်လောင်း၊ ဆီဆိုင်၊ ရှမ်းမြောက် စသည့်တိုက်ပွဲဖြစ်ပွားသည့် ဒေသများမှ ပြည်သူများ တောင်ကြီမြို့သို့စစ်ဘေးတိမ်းရှောင်လာကြသည်။

photo local

#PPV 003
#Humanright
#Taunggyi
#အိမ်ငှားခ
#စျေးတက်

Leave a Reply

Your email address will not be published. Required fields are marked *