ခမ်းသားငေါဝ်း
ဩဂုတ်လ ၁၇၊ ၂၀၂၄

တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်၏ စစ်သုံ့ပန်းစုစုပေါင်း ၂၉၆ ဦးကို ထပ်မံလွှတ်ပေးလိုက်ကြောင်း ကိုးကန့်တပ် MNDAA က ဒီနေ့ ဩဂုတ် ၁‌၇ ရက်တွင်ထုတ်ပြန်ထားသည်။

MNDAA တပ်သည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ် စစ်သုံ့ပန်းများကို လူသားချင်းစာနာမှုဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ယခုတကြိမ် လွှတ်ပေးခဲ့သူ များတွင် ဒဏ်ရာရသူအချို့လည်းပါဝင်နေပြီ ၎င်းတို့၏ ဒဏ်ရာများသည် အခြေခံအားဖြင့် MNDAA၏ ကုသမှုအောက်တွင် ပြန်လည်ကောင်းမွန်လာကာ ၎င်းတို့အားလုံးသည် ကိုယ်ကိုကိုယ် ပြုစုနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟုဆိုသည်။

စစ်တုံ့ပန်းများသည် မင်းအောင်လှိုင်၏ အာဏာသိမ်းအဖွဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း စစ်သုံ့ပန်းများက ထုတ်ဖော်ပြောဆိုကြပြီး အိမ်ပြန်ပြီးနောက် မိသားစုနှင့်အတူ ဘဝကို ကောင်းမွန်စွာ နေထိုင်လိုကြောင်း ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ MNDAA၏ နိုင်ငံရေးဌာနမှ စစ်သုံ့ပန်းများနှင့် စစ်တပ်မိသားစုဝင်များကို အစုလိုက်အပြုံလိုက် လွှတ်ပေးခဲ့ပြီး ခရီးသွားစရိတ်များ ပေးဆောင်ကာ ဘေးကင်းသော ဒေသများသို့ ပို့ဆောင်ပေးခဲ့ပြီးလက်ရှိချိန်အထိ စစ်သုံ့ပန်း ၂၀၀၀ ကျော်နှင့် စစ်သားများ၏ မိသားစုဝင်များ လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

လားရှိုးရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို MNDAA တပ်က ပြီးခဲ့သည့် ဇူလိုင် ၃ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ဩဂုတ် ၃ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။

#ဓာတ်ပုံ – The Kokang

#ppv002
#MNDAA
#စစ်သုံ့ပန်း
#ပြန်လွတ်ပေး

Leave a Reply

Your email address will not be published. Required fields are marked *