ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊ ၂၀၂၄

တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီရရှိမှု အခက်အခဲကြောင့်တောင်ကြီး-လွိုင်ကော် ပြေးဆွဲသည့် လိုင်းကားများကားခစျေးတက်မည်ဟု ယဥ်လိုင်းပြေးဆွဲသူ ကားသမားတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီရရှိမှုပိုမိုဆိုးရွားလာပြီး ဆီပြတ်လပ်မှု ကြောင့်ပြေးဆွဲနေသည့်လိုင်းကားအချို့ရပ်နားခဲ့ရသည်။

” ဆီကတန်းစီရတာမလွယ်ဘူးလေ၊ ဆီမရတဲ့နေ့ဆိုလည်း မှောင်ခိုစျေးနဲ့ဝယ်ရတော့အရမ်းစျေးကြီးတယ်၊ အဲ့ကြောင့် ကားခတိုးယူဖို့ ဖြစ်လာတာ၊ မဟုတ်ရင် ဆီစျေးနဲ့ လိုင်းဆွဲတာနဲ့က မကိုက်တော့ဘူး ” ဟု တောင်ကြီး_လွိုင်ကော် ယဥ်လိုင်း ကားသမားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တောင်ကြီး – လွိုင်ကော် ကားခကို ယခင်က တစ်ယောက် ၅၀၀၀၀ ကျပ်ဖြစ်ကြောင်း၊ ယခုရက်ပိုင်းတွင် ၅၀၀၀ ကျပ်တိုးယူသွားမည်ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။

တောင်ကြီးမြို့ မှ အခြားမြို့ကို ပြေးဆွဲနေသည့်ယဥ်လိုင်းများသည်လည်း စက်သုံးဆီအခြေအနေအရ ကားခ တိုးကောက်မည်ဟုလည်း သိရသည်။

​ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ကစပြီးတောင်ကြီးမြို့တွင် စက်သုံးဆီပြတ်လပ်ကာ အကန့်သတ်ဖြင့်ရောင်းချခြင်းကြောင့် နေ့နေ့ညညတန်းစီပြီး စောင်ဝယ်ယူနေရသည်။

#PPV 003
#ကားခစျေးတက်
#စက်သုံးဆီ ပြတ်လပ်
#Taunggyi

Leave a Reply

Your email address will not be published. Required fields are marked *