ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊ ၂၀၂၄

ကရင်နီပြည်နယ်တွင် စတားလင့်အင်တာနက် လုပ်ငန်းလုပ်ကိုင်သူများပိုမိုကျယ်ပြန့်လာကြောင်း ဒေသံခံတစ်ဦးထံမှသိရသည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် ကရင်နီပြည်နယ်ရှိ နေရာတော်တော်များများတွင် စတားလင့်အင်တာနက် လုပ်ငန်းလုပ်ကိုင်နေသူများ ပိုမိုများပြားလာသည်။

” ဒီမှာက လိုင်းဖြတ်ထားတာကြာပြီလေ၊ စတားလင့် နဲ့ပဲသုံးရတယ်ပေါ့၊ အရင်ကတော့ စတားလင့်က ရှားသေးတယ်၊ ရုံးတွေ၊ ငှာနတွေမှာပဲရှိတာ၊ အခုကရွာတိုင်းလိုလိုမှာ ရှိနေတယ်ပေါ့နော်၊ တချို့ရွာတွေမှာဆို စတားလင့် သုံးလုံးလောက်တောင်ဖွင့်နေပြီ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စလားလင့်လုပ်ငန်းသည် နှစ်ဦးနှစ်ဖက်လုံးအတွက်အဆင်ပြေကြောင်း၊ အသုံးပြု ခ သည်လည်းစျေးနှုန်းသင့်ကြောင်း သိရသည်။

ဒေသခံအမျိုးသားတစ်ဦးကလည်း” စတားလင့်တွေလာဖွင့်တော့ကောင်းတာပေါ့၊ ဦးလေးတို့ဘက် လည်း လိုင်းသုံးရတယ်၊ သတင်းတွေ၊နိုင်ငံတွင်းဖြစ်နေတာတွေ သိခွင့်ရတယ်၊ အဝေးကမိသားစုနဲ့လည်း ဆက်သွယ်လို့ရတယ်၊ တစ်ဖက်မှာလည်း သူတို့စီးပွားရေးအတွက်အဆင်ပြေတယ်လေ၊ ဒီမှာတော့စတားလင့် အသုံးပြုခ တစ်နာရီတစ်ထောင်ပေးရတာပေါ့” ဟုပြောသည်။

စတားလင့်စက်စျေးနှုန်းသည် သိန်းတစ်ရာ နီးပါးရှိပြီး တစ်လလျှင် ၅ သိန်းအခွန်ပေးဆောင်ရကြောင်း၊ ဒေါ်လာစျေးအတက်အကျပေါ်မှုတည်ပြီးစျေးနှုန်းများ ကွာဟမှုရှိကြောင်းသိရသည်။

ကရင်နီပြည် နယ်တွင် စစ်တပ်အာဏာသိမ်းပြီးတိုက်ပွဲပြင်းထန်လာခြင်းကြောင့်ယခုချိန်ထိ ဖုန်းလိုင်း အင်တာနက် လိုင်းပြတ်တောက်နေကြောင်းသိရသည်။

#PPV 003
#ကရင်နီပြည်
#စတားလင့်
#အင်တာနက်
#social

photo local

Leave a Reply

Your email address will not be published. Required fields are marked *