ခမ်းသားငေါဝ်း
သြဂုတ် ၁၆၊၂၀၂၄

ပြည်ပနိုင်ငံသို့ အလည်အပတ်သွားရန် ထုတ်ပေးသည့် PV(Passport For Visit) အမျိုးအစားကိုင်ဆောင်၍ ပြည်ပထွက်ခွာမည့်သူများကို စစ်ဆေးတားမြစ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်ပနိုင်ငံသို့ ထွက်ခွာမည့်သူများသည် OWIC (Oversea Worker Identification Card) ကိုပြုလုပ်ရန်လိုအပ်ပြီး လေဆိတ်၊ ဂိတ်တွင် စစ်ဆေးသည့်အချိန် နစ်နာမှုမဖြစ်စေရန် PJ (Passport For Job)နှင့် OWIC ကတ် ပါမှသာလျှင် သွားခွင့်‌ပြုကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။

ထိုသို့အပြောင်စအလဲမြန်သည့်အတွက် ပြည်ပသို့ထွက်သွားမည့်လူငယ်များအခက်ခဲကြုံတွေ့ရသည်။

“အပြောင်းအလဲအရမ်းမြန်တယ်။ငါတို့က တစ်ခုလုပ်နေတာ မရသေးဘူး နောက်တခုထပ်ပြောင်းပြီ။မလွယ်ဘူး အချိန်ပေးရတယ်၊ ငွေကုန်တယ်။တော်တော့်ကို စိတ်ဓာတ်ကျနေပြီ”ဟု ပြည်ပနိုင်ငံသို့ထွက်မည့် လူငယ်တစ်ဦးက ပြောသည်။

OWIC ကတ်ကိုနေပြည်တော်ရုံးက ထိန်းချုပ်ထားပြီး သူတို့ပေးသည့် သင်တန်းအောင်မြင်ကြောင်း မူရင်း လက်မှတ်ပြနိုင်မှသာလျှင် OWIC ကတ်ထုတ်ပေးမည်ကိုသိရကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ပြည်တွင်းရှိလူငယ်များ နိုင်ငံခြားသို့ထွက်ခွာအလုပ်လုပ်ကိုင်မှုပိုမိုခက်ခဲလာ‌ကြောင်း သိရသည်။

ထို့ပြင် မေလ ၁ ရက်နေ့မှ စတင်၍ အသက်(၂၃)နှစ်မှ (၃၂)နှစ်ကြားရှိ အမျိုးသားများ ပြင်ပနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်ကို အလုပ်သမားဝန်ကြီးဌာနက ပိတ်ပင်ထားသည်။

photo online

#PPV011
#PV
#humanright
#ပြည်ပထွက်ခွင့်ပိတ်ပင်

Leave a Reply

Your email address will not be published. Required fields are marked *