ခမ်းသားငေါဝ်း
သြဂုတ် ၁၆၊ ၂၀၂၄

တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီပြတ်လပ်ပြီး စက်သုံးဆီ ရရှိခြင်း တည်ငြိမ်မှု မရှိသည့်အတွက် အချို့ပြည်သူများ မှောင်ခိုစျေးကွက်တွင်စျေးကြီးပေးဝယ်နေရကြောင်း ဩဂုတ်လ ၁၆ ရက်နေ့ တောင်ကြီးဒေသခံထံ သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် လောင်စာဆီပြတ်လပ်မှုက တစ်ရက်ထက်တစ်ရက်ပိုမိုဆိုးရွားလာပြီး ဆီရရှိရန် ညကတည်းကအိပ်စောင့်နေရသူများလည်းရှိကြောင်းသိရသည်။

“ အ်ိမ်က အဖေကတော့ တောင်ကြီးမြို့ပေါ် ဆီဆိုင်ကြီးမှာက အကြာကြီးတန်းစီရလို့ အေးသာယာမြို့အထိ ဆင်းပြီးဆီသွားဖြည့်တယ်။ ဒါမဲ့ ရပ်ကွက် ဆိုင်ဆိုတော့ ဆီကို လီတာ အပြည့်လည်းမရဘူး။ ဆီဆိုင်ကြီးမှာလို့တော့တန်းမစီရဘူးပေါ့။ တစ်လီတာကိုတော့ ၄၅၀၀ ပေးရတယ်” ဟု ဒေသခံဆီတစ်ဦးက ပြောသည်။

ခုလက်ရှိ တောင်ကြီးမြို့ပေါ်တွင် ဆီရရှိရန်အတွက် ညကတည်းကစောင့်သည့်သူများရှိသလို တချို့လူများက စည်းမဲ့ကမ်းမဲ့ တခြားသူများ ဆီ တန်းစီသည့် နေရာကို ဝင်လု​ခြင်း၊ ကြားဝင်တိုးခြင်းမျိုးကြောင့်အငြင်းပွားမှုဖြစ်ခြင်းလည်းရှိကြောင်းသိရသည်။

တောင်ကြီးမြို့ပေါ်ရှိ တချို့ဆီဆိုင်ကြီးဖြစ်သည့် BOC ၌ 92 တစ်လီတာကို 2855 ဖြစ် ရောင်းချနေကြောင်းကို သိရှိသည်။

တစ်ချို့သည် တနေကုန်ဆီတန်းစီပြီး ဆီဆိုင်အရောက်မှ ဆီကုန်သွားပြီး အချိန်ကုန် ဆီကုန်ခြင်းသာအဖတ်တင်သူများလည်းရှိသည်။

photo Cj

#ppv013
#Humanright
#ဆီတန်းစီရခြင်း
#မှောင်ခိုစျေး

Leave a Reply

Your email address will not be published. Required fields are marked *