ခမ်းသားငေါဝ်း
သြဂုတ် ၁၆၊ ၂၀၂၄

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ဖြင့်ယနေ့မနက် ၁ နာရီအချိန်က ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့်နမ့်ဆန်မြို့ကိုစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှု တစ်စုံတရာမရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သြဂုတ်လ (၁၃)ရက်နေ့ကလည်း စစ်ကောင်စီတပ်က နမ့်ဆန်မြို့အတွင်း ဂျက်လေယာဥ်ဖြင့် (၃)ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး သေဆုံးသွားခဲ့ပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်းနောင်ချိူမြို့နှင့်သီပေါမြို့တွင်စစ်ကောင်စီတပ်နှင့်TNLAပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး၊ သီပေါမြို့တွင်စစ်ကောင်စီမှလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့်(၅)ရက်အတွင်းအရပ်သား(၁၁)ဦးသေဆုံးပြီး(၁၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

#PPV0012
#TNLA
#Humanright
#ရှမ်းမြောက်
#နမ့်ဆန်
#ဂျက်ဖိုက်တာ

Leave a Reply

Your email address will not be published. Required fields are marked *