ခမ်းသားငေါဝ်း
ဩဂုတ် ၁၅၊ ၂၀၂၄

အောင်ပန်း-လွိုင်ကော် လမ်းမကြီးပေါ် သစ်ပင်ကြီး(သေင်ႏမွူးဖြေင်းပေႏ)ရွာအနီး ဘုရားရှေ့တွင် သက်တန်းရင့်ညောင်ပင် လမ်းမပေါ် လဲကျသွားခြင်းကြောင်း ကားများသွားလာ ဖြတ်သန်မှု မရတော့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် အောင်ပန်း-လွိုင်ကော် လမ်းမကြီးပေါ်ရှိ သစ်ပင်ကြီး(သေင်ႏမွူးဖြေင်းပေႏ)ရွာ ဘုရားရှေ့တွင် ဂုတ်လ ၁၅ ရက်မနက်အစော၌ သက်တမ်းရင့် ညောင်ပင်ကြီး လမ်းမပေါ် လဲကျသွားခြင်းကြောင်း ကား၊ဆိုင်ကယ် သွားလာ ဖြတ်သန်မှု မရတော့ကြောင်း သိရသည်။

“ကားကြီးတွေတော့သွားမရဘူး ကားငယ်တွေတော့ မြေလမ်း လမ်းလွဲနဲ့သွားနေရတယ်။ တာဝန်ရှိသူတွေတော့ လာမရှင်းသေးဘူး။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းတွင် ယခုထိမိုးရွာသွန်းမှုရှိနေဆဲဖြစ်ပြီး မြေပြိုမှုများ၊ လမ်းကျွံကျမှု၊ မြေနိမ့်ပိုင်း နေရာများ ရေကြီးခြင်းတို့ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် ယခုနှစ်သည် မိုးအလွန်အကျွံ ရွာသွန်းမှုကြောင့် ဒေသခံ နေအိမ်များရေမြုပ်ခြင်း၊ တောင်ယာစိုက်ခင်းများ ရေမြုပ်ခြင်းတို့ကြောင်း ဒေသခံတောင်ယာ ဧက ရာနှင့်ချီ ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

#PPV005
ဓာတ်ပုံ-CJ
#သဘာဝဘေး
#ပင်လောင်မြို့နယ်
#သစ်ပင်ကြီးရွာ
#သေင်ႏမွူးဖြေင်း

Leave a Reply

Your email address will not be published. Required fields are marked *