ခမ်းသားငေါဝ်း

ဩဂုတ် ၁၅၊ ၂၀၂၄

လားရှိုးမြို့ တိုက်ပွဲအစပိုင်းတွင် လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို MNDAA က တစ်ဦးကို ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့် ပေးကြောင်း ဩဂုတ်လ ၁၅ ရက် ယနေ့တွင် MNDAA က သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် မိမိဆန္ဒအလျောက် လက်နက်ချအလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သား ၇ ဦးအား ဆုပေးရေးမူဝါဒအကြောင်းကို အသေးစိတ် ရှင်းပြပြီး ဆုငွေပေးအပ်သည့် မူဝါဒအရ လက်နက်ချ တပ်ဖွဲ့ဝင် ခုနစ်ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ စုစုပေါင်းငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါတပ်သား ၇ ဦးသည် လားရှိုးတိုက်ပွဲ အစောပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်ထံ လက်နက်ချခြင်းဖြစ်ပြီး အဆိုပါ ကာလတွင် တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် နောက်တန်းတွင် နေခဲ့ရပြီးမကြာသေးမီက MNDAA နိုင်ငံရေးဌာန အလုပ်အဖွဲ့မှ အဆိုပါ တပ်သား ၇ ဦးကို ပြန်လည်နေရာချထားနိုင်ခဲ့ပြီး ဆုကြေးများ ချီးမြှင့်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

လက်နက်ချအလင်းဝင်သူ ၇ ဦး၏ ကိုယ်ပိုင်ဆန္ဒအရ စစ်တပ်မှ စစ်မြေပြင်သို့ အတင်းအကျပ် ပို့ဆောင်ခြင်းမျိုး မဖြစ်စေရန် အထူးအုပ်ချုပ်ရေဒေသ(၁)နယ်မြေအတွင်း ဆက်လက်နေထိုင်ခွင့်ပြုကြောင်း ဖော်ပြထားသည်။

PPV0011
ဓာတ်ပုံ-MNDAA
#စစ်ရေး
#လားရှိုး
#လက်နက်ချအလင်းဝင်လာ
#MNDAA
#စစ်ကောင်စီတပ်သားခုနှစ်ဦး

Leave a Reply

Your email address will not be published. Required fields are marked *