ခမ်းသားငေါဝ်း
ဩဂုတ် ၁၅၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) မှတအာင်းဒေသ နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်(၂၁)ကြိမ် တိုက်ခိုက်ခဲ့ကြောင်းTNLAမှ ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာနှင့် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။

တောင်ခမ်းနှင့် နောင်လင်ရွာ၌ တပ်မ(၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်နှင့်သော်လည်းကောင်း၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်နှင့်သော်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သီပေါမြို့ ခလရ (၂၃) တပ်စခန်းနေရာတွင် လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၆)ကြိမ် ဗုံး(၁၂၄)လုံး လာရောက်ကြဲချခဲ့ကြောင်းသိရသည်။

ယနေ့ နောင်ချိုမြို့နယ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁)ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။

#PPV0012
ဓာတ်ပုံ-TNLA
#စစ်ရေး
#နောင်ချိုမြို့နယ်
#သီပေါမြို့နယ်

Leave a Reply

Your email address will not be published. Required fields are marked *