ခမ်းသားငေါဝ်း

ဩဂုတ် ၁၅၊ ၂၀၂၄

ပင်လောင်းဒေသတွင် ခရမ်းချဥ်သီးများ ယခင်ထက် စျေးပြန်ကျလာသည့်အတွက် ခရမ်းချဥ်စိုက်တောင်သူများ စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသထွက်ခရမ်းချဥ်သီးများသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသော်လည်း ယခုတွင် ပွဲရုံအထိသွားရောင်းလျှင် တစ်ပိဿာ ၅၀၀ နှင့် ၁၀၀၀ ကြားသာ ရရှိနေသည့်အတွက် တောင်သူများတွက်ခြေမကိုက်ဖြစ်နေသည်။

“ခရမ်းချဥ်သီးက တဖြည်းဖြည်းနဲ့စျေးကျလာတယ် ရွှေစျေးတွေ ဒေါ်လာစျေးတွေတက်ပေမယ့်လည်း ကိုယ့်ဒေသထွက် ကုန်စိမ်းက တဖြည်းဖြည်းနဲ့စျေးကျလာတယ် ဘာနဲ့စားရတော့မယ်မသိဘူး ပွဲရုံထိသွားရောင်းလည်း ကားခပဲပြန်ရတယ် ဆီစျေးကတက်တော့ ပိုဆိုးတယ် မကိုက်ဘူး”ဟု ခရမ်းချဥ်သီးစိုက်တောင်သူတစ်ဦးကပြောသည်။

ပင်လောင်းဒေသတွင် ယခုနှစ်ပိုင်းအတွင်း မိုးများသည့်အတွက် အပွင့်နှင့် အသီးများ ပျက်စီးကုန်ပြီး ခရမ်းချဥ်စိုက်တောင်သူများ အရှုံးများနေကြောင်းလည်းသိရသည်။

ခရမ်းချဥ်သီးသည် ပြည်တွင်း အဓိကပို့ကုန်ဖြစ်ပြီး မြန်မာနိုင်ငံနေရာအနံ့တွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက်ကြောင့် ဝယ်လိုအားနည်းပြီး စျေးကျနေရခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV008
#စိုက်ပျိုးရေး
#လူ့အခွင့်အရေး
#ပင်လောင်း
#ခရမ်းချဥ်သီးဈေး
#ဝယ်လိုအားနည်း
#ခရမ်းချဥ်စိုက်တောင်သူ

Leave a Reply

Your email address will not be published. Required fields are marked *