ခမ်းသားငေါဝ်း

ဩဂုတ် ၁၄၊ ၂၀၂၄

သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁) ဦးသေဆုံးခဲ့ပြီး (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်သြဂုတ်လ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၅)ရက်အတွင်း အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၄) ဉီးသေဆုံးသွားခဲ့သည်။

ထို့အပြင် ထိုလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင်(၁)ပါးနှင့် ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထိုဒေသရှိ မြို့ခံပြည်သူများလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် မြောက်ပိုင်းညီနောင်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ)အပါအဝင် မြို့များစွန့်လွှတ်ခဲ့ရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ရှုံးမဲမဲကာ ပြည်သူလူထုအားဦးတည်၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန် နေကြောင်း TNLA ကထုတ်ပြန်ထားပါသည်။

PPV003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#သီပေါမြို့
#လေကြောင်းနှင်လက်နက်ကြီးပစ်ခတ်မှု
#စစ်ရာဇဝတ်မှု

Leave a Reply

Your email address will not be published. Required fields are marked *