ခမ်းသားငေါဝ်း
ဩဂုတ် ၁၄၊ ၂၀၂၄

ရေကြီးမှုကြောင့် စပါးခင်းများ ဧကထောင်ချီပျက်စီးသွားသောကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်နေရကြောင်း ဒေသခံလယ်သမား ထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲရေကာတာကို ရေဖောက်ချမှုနှင့် အတူ မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့် ကရင်နီပြည်ရှိ စပါးခင်းဧက ထောင်ချီ ရေနှစ်မြုပ်သွားကာ ယခုနှစ်စားနပ်ရိက္ခာအတွက် ပြည်သူများစိုးရိမ်နေကြသည်။

” ဒီနှစ်ရေကြီးတာနဲ့ စပါးခင်းတွေပျက်ကုန်ပြီ၊ ဘယ်လိုမှလုပ်လို့မရတော့တဲ့အခြေအနေပေါ့နော်၊ အရင်နှစ်က ကျန်တဲ့စပါးတွေလည်းကုန်တော့မယ်၊ ရှေ့ဆက်ဘာနဲ့စားရမလည်း မသိတော့ဘူး၊ ဆန်တွေကျတော့ အရမ်းစျေးကြီး တာလေ ဝယ်မစားနိုင်ဘူး” လို့ ဒေသခံလယ်သမားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဘေးရှောင်ရင်း လယ်စိုက်စားနေသူ အမြောက်အများရှိကြောင်း၊ ယခုရေကြီးသွားသောကြောင့် အကုန်လုံး ဒုက္ခရောက်နေရကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်တွင်လည်း တိုက်ပွဲများကြောင့် ရင့်မှည့်နေသောစပါးခင်းများကို မရိတ်သိမ်းနိုင်ဘဲ ဆုံးရှုံးမှုများရှိခဲ့ကြောင်းလည်း သိရသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မိုးဗွဲရကောတာ
#စပါးခင်းပျက်စီး
#ကရင်နီပြည်သူများ
#စားနပ်ရိက္ခာ

Leave a Reply

Your email address will not be published. Required fields are marked *