ခမ်းသားငေါဝ်း
ဩဂုတ် ၁၄၊ ၂၀၂၄

ဆိဆိုင်တွင် စစ်ဘေးရှောင်ရာက ပြန်လာသည့်လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူပြီး သေနတ်တပ်ဆင်ပေးကာ ရှေ့တန်းပို့နေကြောင်းဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိဆိုင်မြို့နယ် ကျေးရွာဖက်တွင် စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူကာ သေနတ်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ ပို့နေသည်။

“သင်တန်း ၅ ရက်တောင်မတက်ရဘူး PNO ကရှေ့တန်းပို့ပြီ။ ဖုန်းလည်းသိမ်းထားတယ်။ အဆက်သွယ်မရဘူး။ PNO ဘယ်ကိုပို့တယ်ဆိုတာမသိရဘူး”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

အဆက်သွယ်မရသောကြောင့်ရွာတွင်းရှိ ဒေသခံများနှင့် မိသားစုများသည် စိုးရိမ်နေကြရကြောင်းသိရသည်။

“သူအဖေအမေတွေဆို ယတျာတွေချေပေးတာလုပ်ပေးတယ်။ သူ့တို့သားတွေ သွားရတော့ စိတ်မချဘူးဆိုပြီး ငိုနေတာသနားစရာအရမ်းကောင်းတယ်”ဟု ၄င်းကဆက်ပြောသည်။

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲမဖြစ်သောကျေးရွာများတွင်ဒေသခံများ ပြန်လာနေထိုင်ကြပြီးနောက် စားဝတ်နေရေး အခက်ခဲများနှင့်လည်း ကြုံတွေ့နေရကြောင်းသိရသည်။

ဆီဆိုင်မြို့တွင်ပြီးခဲ့သည့် ဇန်နဝါရီလက စံဖူးရွာ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ၏ လက်နက်ယာဥ်တန်းအား PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီက တားမြစ်ရာမှတိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပအိုဝ်းသံဃာတော်များ၊ စာပေနှင့်ယဥ်ကျေးမှု(ဗဟို)၊ ရပ်မိရပ်ဖများက မေတ္တာရပ်ခံချက်ကြောင့် ပြန်လှည်ဆုတ်ခွာခဲ့သော်လည်း ဩဂုတ် ၃ ရက်နေ့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က PNLA ဌာနချုပ်ကို လက်နက်များဖြင့်ပစ်ခတ်လာခြင်းကြောင့် တိုက်ပွဲပြန်လှည်ဖြစ်ပွားနေကြောင်း သိရသည်၊၊

#PPV005
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#ကျေးရွာများဖက်
#စစ်သင်တန်းမတက်ရဘဲ

Leave a Reply

Your email address will not be published. Required fields are marked *

You missed