ခမ်းသားငေါဝ်း

ဩဂုတ် ၁၃၊ ၂၀၂၄

အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ လူငယ်နှင့်နိုင်ငံရေးတည်ဆောက်ရေးအခန်းကဏ္ဍ တိုးမြှင့်ဖော်ထုတ်နိုင်ရန် ပအိုဝ်းလူငယ်အစည်းအရုံး PYO ကဦးဆောင်းပြီးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၌ ပအိုဝ်းအမျိုးသား အခြေခံအဖွဲ့အစည်းများ၊ ခေါင်းဆောင်များအား နိုးဆော်တိုက်တွန်းသည့်အနေဖြင့် ထုတ်ပြန်ချက်ထုတ်ထားသည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အား ဩဂုတ် ၁၂ ရက်နေ့တွင်ပြုလုပ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်ရှိ လူငယ် ၅၅ ဦးမှတက်ရောက်ဆွေးနွေးခဲ့ပြီ ထုတ်ပြန်ထားခြင်းဖြစ်သည်၊၊

ပအိုဝ်းအမျိူးသားများသည် ဖိနှိပ်ခံလူထုတစ်ရပ်လုံးလွတ်မြောက်ရေးနှင့် တန်းတူရေးရရှိရန်အတွက်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည့်ဖက်ဒရယ်ကရေစီစနစ်တည်ဆောက်ရေးတို့ကို ဦးတည်၍ – စစ်အာဏာရှင်စနစ်မှ ဖန်တီးနေသည့်လူမျိူးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခအသွင်ဆောင်နေသည့်လုပ်ရပ်များအားသတိထားဆင်ခြင်၍ တိုင်းရင်းသားလူမျိူးများအချင်းချင်းကြားစည်းလုံးညီညွတ်မှုသဟဇာတဖြစ်မှုကြိုးပမ်းဆောင်ရွက်ရန်၊ စစ်ဘေးရှောင်အရေးနှင့်ပက်သက်၍ အရေးပေါ်နှင့်ရေရှည်ကူညီကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာလုပ်ငန်းများချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

ထို့အပြင် ပအိုဝ်းအမျိူးသားနိုင်ငံရေးလမ်းစဥ်ရပ်တည်ချက်နှင့် မူဝါဒများပေါ်ပေါက်လာနိုင်ရေး ပအိုဝ်းအင်အားစုများအကြား ပြင်ဆင်ညှိနှိုင်းမှုများဆောင်ရွက်ရန်၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တိုင်းရင်းသားမဟာမိတ်ရေးရာအခန်းကဏ္ဍများအား တိုးမြှင့်ချိတ်ဆက်ဆောင်ရွက်ရန်၊ လူထုတော်လှန်ရေးအတွင်း ပါဝင်ဆောင်ရွက်နေသည့်လူငယ်များအနေဖြင့် ဖက်ဒရယ်စနစ်အခြေခံတိုင်းရင်းသားလူငယ်မူဝါဒထွက်ရှိလာရေးနှင့် လူထုတော်လှန်ရေးနှင့် နိုင်ငံရေးတွင်လူငယ်များပါဝင်ဆောက်ရွက်နိုင်ရန်အတွက် လူငယ်အချင်းချင်းကြားသဟဇာတဖြစ်မှု၊ နားလည်ယုံကြည်မှု၊ စည်းရုံးလှုံဆော်မှုနှင့် ဗျူဟာကျချိတ်ဆက်မှုများတိုးမြှင့်ဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ဖျက်သိမ်းရေးနှင့် လူထုတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသည့် ပအိုဝ်းလူငယ်များအပါအဝင် တိုင်းရင်းသားလူငယ်များအားဦးညွတ်ဂုဏ်ပြုလျက်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

#PPV0012
ဓာတ်ပုံ-PYO
#လူ့အခွင့်အရေး
#အာဏာရှင်စနစ်ဖျက်သိမ်းရေး၊
#လူငယ်နှင့်နိုင်ငံရေးတည်ဆောက်ရေးအခန်းကဏ္ဍ
#တိုးမြှင့်တင်ဖော်ထုတ်နိုင်ရန်
#ပအိုဝ်းလူငယ်အစည်းအရုံး
#PYO

Leave a Reply

Your email address will not be published. Required fields are marked *