ခမ်းသားငေါဝ်း
ဩဂုတ် ၁၃၊ ၂၀၂၄

အဖိနှိပ်ခံမြန်မာပြည်သူလူထုများနှင့်အတူ တစ်သွေးတည်း၊ တစ်သားတည်းအတူရှိနေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကသြဂုတ်လ ၁၂ ရက်နေ့၌ ထုတ်ပြန်သည့် ကျေးဇူးတင်လွှာတွင် ဆိုထားသည်။

ကိုးကန့်တပ်၊ တအောင်းတပ်နှင့်ရက္ခိုင့်အဖွဲ့အစည်းများပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သည့်အောင်မြင်မှု ၊မြို့သိမ်းတိုက်ပွဲများအပေါ်ဂုဏ်ပြုလွှာပေးပို့သောအဖွဲ့အစည်းအသီးသီးအား အထူးကျေးဇူးတင်ကြောင်း ကျေးဇူးတင်လွှာထုတ်ပြန်ထားသည်။

ထိုကျေးဇူးတင်လွှာတွင် မိမိတို့၏စစ်ဆင်ရေးရည်မှန်းချက်လက်ကျန်များနှင့် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးလိုလားသည့် နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ပေါ်လာစေရေးအတွက် ပြည်သူများနှင့်အတူ တစ်သွေးတည်း၊ တစ်သားတည်းအတူရှိနေကြောင်း ကျေးဇူးတင်လွာနှင့်အတူ ထပ်မံအသိပေးအပ်ကြောင်းဆိုထားသည်၊၊

???009
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ရေး
#ကျေးဇူးတင်လွှာ
#ဂုဏ်ပြုလွှာ

Leave a Reply

Your email address will not be published. Required fields are marked *