ခမ်းသားငေါဝ်း
ဩဂုတ် ၁၃၊ ၂၀၂၄

ရွာငံ-အောင်ပန်းလမ်းပေါ်တွင် ရေကြီးနေသဖြင့် ခရီးသွားများစွာ အခက်ခဲဖြစ်ရကြောင်းသြဂုတ်လ ၁၃ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာတွင် မိုးကြီးပြီး တောင်ကျရေရွာငံ- အောင်ပန်း လမ်းပေါ်တွင် အရှိန်ကြီးစွာဖြင့် စိီးနေသဖြင့် ခရီးသွားများစွာ အခက်ခဲဖြစ်နေရသည်။

“မနေ့ည တစ်ညလုံး ရေစီးတယ် မိုးလည်းရွာတော့ ည ၁၀ နာရီကျော်လောက်မှ ကားတွေ၊ဆိုင်ကယ်တွေဖြတ်လို့ရတယ်။ ရေကြီးချိန်က နေ့လည်ဖက်ကတည်းကဆိုတော့ အကြာကြီးစောင့်ပြီး သွားလို့ မရတဲ့ ခရီးသည်တစ်ချို့ပြန်လှည့်ရတာရှိတယ်။ ဒီမနက်တော့ ရေစီးတာနည်းသွာပြီး ကား၊ ဆိုင်ကယ်ဖြတ်လို့ရပြီ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ရေစီးသည့်အချိန်တွင် အရှိန်ဖြင့် ကြမ်းတမ်းစွာစီးဆင်းသောကြောင့် လမ်းပျက်စီးမှုရှိနေပြီး ခရီးသွားပြည်သူများအနေဖြင့် ဂရုစိုက်သွားလာရန်လည်း ၄င်းက ဆက်ပြီးသတိပေးပြောထားသည်။

ယခုလိုတောင်ကျရေ ရေစီးမှုကြီးခြင်းသည် ရွာငံတွင် ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်ကြောင်း သိရသည်။
#PPV005
ဗွီဒီယို-အွန်လိုင်း
#သဘာဝဘေး
#ရွာငံ-
#အောင်ပန်းလမ်း
#မြိုင်ကျေးရွာ
#လမ်းပေါ်ရေကြီး

Leave a Reply

Your email address will not be published. Required fields are marked *