ခမ်းသားငေါဝ်း
ဩဂုတ် ၁၃၊ ၂၀၂၄

နမ့်စန်မြို့တွင် စက်ဆီ ပန့်ဆီဆိုင်ကြီးများတွင် ဆီများကို အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေခြင်းကြောင့် ဆီမရှိသည့်သူများလည်းရှိနေကြောင်း ဩဂုတ်လ ၁၃ ရက်တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့၌ ပန့်ဆီဆိုင်များတွင် မနက် ၇ နာရီမှ ၉ နာရီအတွင်းသာဆီထည့်လို့ရသည့်အတွက် ဆီမရဘဲပြန်သွားရတဲ့သူလည်းရှိကြောင်း သိရသည်။

“တို့မြို့လည်း ဆီထည့်ချင်ရင် တန်းစီရတဲ့ခေတ်ရောက်နေပြီ။ တန်းစီတဲ့သူများတော့ မနက်အစောကြီးသွားရတယ်။ ဒါတောင်တချို့က ဆီမရဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆီ 92 ၁ လီတာကို ၃၂၀၀ ကျပ်ပေးရပြီး ကားတစီးကို ၅ သောင်းဖိုးသာ ဖြည့်ပေးကြောင်း၊ အပြင်ဆိုင်တွင် ဒီထက်ဈေးကြီးပေးရကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ အောင်ပန်း၊‌ ညောင်ရွှေမြို့တွင်လည်း စက်သုံးဆီဝယ်ရခက်နေကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-Crd
#လူ့အခွင့်အရေး
#နမ့်စန်
#ဆီပန့်ဆိုင်
#အချိန်ကန့်အသတ်ဖြင့်သာ
#ဆီမရသယများရှိနေ

Leave a Reply

Your email address will not be published. Required fields are marked *